မန္တလေးခရိုင်၊ ချမ်းမြသာစည်မြို့နယ် သူနာပြုတက္ကသိုလ်၌ မြန်မာနိုင်ငံ မူးယစ်‌ဆေးဝါး ဆန့်ကျင်ရေးအသင်းမှ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး စကားဝိုင်းကျင်းပ

မဟာအောင်မြေ ဇူလိုင် ၂၇

မန္တလေးခရိုင်၊ ချမ်းမြသာစည်မြို့နယ်၌ မြန်မာနိုင်ငံ မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း (မန္တလေးတိုင်းဒေသကြီး)နှင့် သူနာပြုတက္ကသိုလ်တို့ ပူးပေါင်းဆောင်ရွက်သော မူးယစ်ဆေးဝါး အန္တရာယ် အသိပညာ‌ပေးစကားဝိုင်းကို ယနေ့မွန်းလွဲပိုင်းကကျင်းပခဲ့သည်။

အဆိုပါစကားဝိုင်းကို မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်း (မန္တလေးတိုင်းဒေသကြီး) ဉက္ကဌရဲမှူးကြီး ဦးမြင့်ဆွေ(ငြိမ်း)က အဖွင့်အမှာစကား ပြောကြားရာတွင် MANA အကြောင်းနှင့် နိုင်ငံတော်အစိုးရ၏ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးအဖွဲ့၏ ဆောင်ရွက်ချက်များ၊ ပညာ‌ရေးဝန်ကြီးဌာန၊ ကျန်းမာ‌ရေးဝန်ကြီးဌာနတို့၏ ရည်ရွယ်များ၊ မူးယစ်‌ ဆေးဝါးဆန့်ကျင်‌ရေး MANA အဖွဲ့နှင့် လက်တွဲဆန့်ကျင် ဆောင်ရွက်ပေးစေလိုကြောင်း စသည်များ အကျယ်တဝင့်ပြောကြားပြီး မူးယစ်ဆေးဝါးအန္တရာယ် အသိပညာ‌ပေး စကားဝိုင်းကို ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံ မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း (မန္တလေးတိုင်းဒေသကြီး) အဖွဲ့ဝင်များက လူမှုပတ်ဝန်းကျင်နှင့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း၊ လူငယ်များနှင့် Vape သုံးစွဲမှု အန္တရာယ်အကြောင်း၊ Happy water အန္တရာယ်အကြောင်း၊ Ketamine အကြောင်းနှင့် ဆိုးကျိုးအန္တရာယ်များ၊ Ecstasy အကြောင်းနှင့် ဆိုးကျိုးအန္တရာယ်များ စသည့်ခေါင်းစဉ်များဖြင့် တက်ရောက်လာသော ဆရာ၊ ဆရာမများ၊ ကျောင်းသား/သူများအား ဟောပြောပို့ချခဲ့ပြီး တက်ရောက်လာသူများမှ မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် အကြောင်းအရာများ သိလိုမှုများ မေးမြန်းရာ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့သည်။

မူးယစ်ဆေးဝါးအန္တရာယ် အသိပညာ‌ပေးစကားဝိုင်းကို မြန်မာနိုင်ငံ မူးယစ်ဆေဝါးဆန့်ကျင်ရေး အသင်း (မန္တလေးတိုင်းဒေသကြီး) ဉက္ကဌရဲမှူးကြီး ဦးမြင့်ဆွေ(ငြိမ်း)နှင့် အဖွဲ့ဝင်များ၊ သူနာပြုတက္ကသိုလ် ဒု-ပါမောက္ခချုပ် (သင်ကြား) Dr-ညီညီဌေးနှင့် ပါမောက္ခဌာနမှူးများ၊ ဆရာ၊ ဆရာများ၊ ကျောင်းသား/သူများ စုစုပေါင်း (၂၅၀) ဦး တက်ရောက်ခဲ့သည်။

အောင်ဇော်မင်း