ကျောက်ပန်းတောင်း ဇူလိုင် ၂၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း (ကျောက်ပန်းတောင်း)တို့ ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီက Transforming Youth Skills Forth Future ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်းကို အဆိုပါကျောင်းရှိ ပုံဆွဲခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း ဒုတိယကျောင်းအုပ်ကြီး ဦးဟန်ဝင်းအောင်နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်မေသက်နွယ်တို့က လူငယ်စကားဝိုင်း ပြုလုပ်ပေးရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ယင်းနောက် ပါဝင်ဆွေးနွေးကြမည့် EC မေဂျာမှ မောင်စောပြည့်ထွဋ်၊ EP မေဂျာမှ မောင်းမင်းခိုင်၊ Civil မေဂျာမှ မောင်အောင်ကိုကိုခန့်နှင့် Mechanical မေဂျာမှ မောင်အောင်ထွန်းဦး တို့ကို ဖိတ်ခေါ်၍ ဘာသာရပ်အလိုက် လေ့လာသိရှိမှုနှင့် အနာဂတ်တွင် ပြောင်းလဲလာသည့် အခြေအနေပေါ်မူတည်၍ ကျွမ်းကျင်မှုပညာရပ်များကို မည်သို့အသုံးချသွားမည်ကို မြို့နယ်ဦးစီးအရာရှိက မေးမြန်းဆွေးနွေးရာ၊ သက်ဆိုင်ရာဘာသာရပ်အလိုက် ကျောင်းသားများက ပြန်လည်ရှင်းလင်းဖြေကြားကြပြီး၊ တက်ရောက်လာသည့် ကျောင်းသား/ကျောင်းသူများက သက်ဆိုင်ရာဘာသာရပ်အလိုက် သိရှိလိုသည်များကို မေးမြန်းမှုအပေါ် မြို့နယ်ဦးစီးအရာရှိနှင့် ပါဝင်ဆွေးနွေးသည့် ကျောင်းသားများက ပြန်လည်ရှင်းလင်းဆွေးနွေးကြသည်။ ယင်းနောက် လျှပ်စစ်စွမ်းအား အင်ဂျင်နီယာဌာနမှူး ဒေါ်ပပဇော် က ကျေးဇူးတင်စကား ပြန်လည်ပြောကြား၍ ပါဝင်ဆွေးနွေးသူများအား ဒုတိယကျောင်းအုပ်ကြီးက အမှတ်တရလက်ဆောင်များပေးအပ်ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကာ လူငယ်စကားဝိုင်းကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
အဆိုပါ လူငယ်စကားဝိုင်းသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဉီးစီးအရာရှိနှင့်ဝန်ထမ်းများ၊ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း (ကျောက်ပန်းတောင်း) ဒုတိယကျောင်းအုပ်ကြီးနှင့် ဘာသာရပ်အလိုက် သက်ဆိုင်ရာဌာနမှူးများ၊ နည်းပြများ၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း အင်အား ၂၅၀ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)