သတင်းများ

ပခုက္ကူတက္ကသိုလ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
Jul 27,2023
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၌ ယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အဆိုပါတက္ကသိုလ်၊ လေးထပ်ဆောင် (ဘွဲ့နှင်းသဘင်)ခန်းမ၌ ကျင်းပပြုလုပ်သည်။
ဝေါမြို့နယ်တွင် ကျောင်းသား/ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm) ဆက်လက်ထိုးနှံပေး
Jul 27,2023
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိနေသော ကျောင်းသား/ ကျောင်းသူများနှင့် KG ကျောင်းသား၊ကျောင်းသူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm)ကို ပထမအကြိမ် ဆက်လက်ထိုးနှံပေးခြင်းလုပ်ငန်းကို ယနေ့နံနက်(၉)နာရီက ဝေါမြို့နယ်အခြေခံပညာအထက်တန်းကျောင်း (ဝေါအရှေ့)တွင် ပြုလုပ်ပေးခဲ့သည်။
နမ့်စန်တွင် ဝန်ထမ်း၊ ဝန်ထမ်းမိသားစုနှင့် ကျောင်းသား၊ ကျောင်းသူ ၂၁၉၇ ဦး၏ ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူပြီးစီး
Jul 27,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး မောင်မောင်ဇော်နှင့် ဝန်ထမ်းများက ဇီဝဆိုင်ရာအချက်အလက် (Biometric)ကောက်ယူခြင်းလုပ်ငန်းများကို ဇွန်လ ၂၁ ရက်နေ့မှစတင်၍ ဆောင်ရွက်လျက်ရှိရာ ဇူလိုင်လ ၂၆ ရက်နေ့ထိ နမ့်စန်မြို့နယ်အတွင်း လူဦးရေ ၂၁၉၇ ဦးတို့၏ အချက်အလက်များ ကောက်ယူပြီးစီးပြီဖြစ်ကြောင်း သိရသည်။
တောင်ဥက္ကလာပမြို့နယ်တွင် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး
Jul 27,2023
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ရပ်ကွက်များအတွင်းရှိ အသက်မွေးစမှ တစ်နှစ်ခွဲအရွယ်အထိ ကလေးငယ်များအား တစ်လတစ်ကြိမ် ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း အစီအစဉ်ဆောင်ရွက်ခြင်းကို ယနေ့နံနက် (၉) နာရီအချိန်ကစ၍ အမှတ်(၆)ရပ်ကွက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးကျော်သိန်းဆိုင် ဇေယျာသီရိမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ဒေသခံပြည်သူများဖြင့် တွေ့ဆုံဆွေးနွေး
Jul 27,2023
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးကျော်သိန်းဆိုင် ဇေယျာသီရိမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ကျွန်းရောင်းကျေးရွာအုပ်စု၊ လေသာ(တောင်)ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့သည်။
သာကေတမြို့နယ်ရှိ အသက် (၁)နှစ်မှ (၅)နှစ်အတွင်းရှိ ကလေးငယ်များအား  ငါးမျိုးစပ် ကာကွယ်ဆေး ထိုးနှံပေး
Jul 27,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်ရှိ အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသည့် အသက်(၁)နှစ်မှ (၅)နှစ်အတွင်းရှိ ကလေးငယ်များအား ယနေ့နံနက် (၉:၀၀)နာရီ အချိန်က ၆/ အနောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ကာကွယ်ဆေးများ ထိုးနှံဆောင်ရွက်ပေးလျက်ရှိသည်။
နမ့်ခမ်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ (Boster Doses)ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံ
Jul 27,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားလျက်ရှိသော ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ (Boster Doses)ထပ်ဆောင်းကာကွယ်ဆေးကို ကျောင်းများအလိုက် သတ်မှတ်ရက်များတွင် ပြီးစီးနိုင်ရေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မုဒုံမြို့နယ်တွင် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) ချေးငွေများထုတ်ချေးပေး
Jul 27,2023
မွန်ပြည်နယ် မုဒုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) ရန်ပုံငွေများ ထုတ်ချေးပေးခြင်းကို ယမန်နေ့က အဆိုပါရုံ၌ ဆောင်ရွက်ပေးခဲ့သည်။