မိုင်းရှူးမြို့နယ်တွင် ပန်းခင်းစီမံချက်၂ဖြင့် အရှိန်အဟုန်မြှင့် ကွင်းဆင်းဆောင်ရွက်
Jul 28,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ပန်းခင်းစီမံချက် ၂ ဖြင့် အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ မိုင်းစံမြို့၊ ဟိုဆိုင်ကျေးရွာအုပ်စု၊ ပါနိမ့်ကျေးရွာ၊ ဝမ်ကန်နယ်မြေဖာဖိတ်ရွာရှိ ရွာသူ ရွာသားများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုစာရင်းဇယား ၆၆/၆ပုံစံများကို ယနေ့နံနက်(၉)နာရီခွဲအချိန်က ၀မ်ကန်အုပ်ချုပ်ရေးမှူးရုံး၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။