ပခုက္ကူ ဇူလိုင် ၂၈
ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်သင်ပညာဦးစီးဌာန၊ ပခုက္ကူပညာရေးဒီဂရီကောလိပ်၏ ၂၀၂၂-၂၀၂၃ပညာသင်နှစ်၊ လုပ်ငန်းခွင်အကြိုမူလတန်းဆရာ အတတ်ပညာသင်တန်း(PPTT)အမှတ်စဉ်(၉/၂၀၂၃) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က အဆိုပါဒီဂရီကောလိပ်၊ မဟာသရေစည်သူဦးဘခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပခုက္ကူပညာရေးဒီဂရီကောလိပ်၊ ကျောင်းအုပ်ကြီး ဒေါ်မြင့်မြင့်သန်းက သင်တန်းဆင်းအမှာစကားပြောကြားပြီး တာဝန်ရှိသူများက (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ကာယ၊ ဉာဏပြိုင်ပွဲများအလိုက် ဆုရရှိသော သင်တန်းသား၊ သင်တန်းသူများအား ဆုများအသီးသီးပေးအပ်ချီးမြှင့်ကြသည်။
အဆိုပါအခမ်းအနားတွင် ပခုက္ကူပညာရေးဒီဂရီကောလိပ်၊ ကျောင်းအုပ်ကြီး ဒေါ်မြင့်မြင့်သန်းနှင့် ဆရာ၊ ဆရာမများ၊ ခရိုင်ပညာရေးမှူး ဦးသောင်းနိုင်၊ ၂၀၂၂-၂၀၂၃ပညာသင်နှစ်၊ လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်း(PPTT) အမှတ်စဉ် (၉/၂၀၂၃)သင်တန်းသား၊ သင်တန်းသူ(၁၉၂)ဦး၊ ကျောင်းသား၊ ကျောင်းသူ(၄၅၄)ဦး၊ စုစုပေါင်း(၆၄၆)ဦး တက်ရောက်ကြပြီး သင်တန်းသား၊ သင်တန်းသူများက အကအလှများ၊ သီချင်းများဖြင့် သီဆိုဖျော်ဖြေခြင်း၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကလေးအလုပ်သမားပပျောက်ရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာအသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)