မူဆယ်မြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ဝါဆိုသင်္ကန်းစုပေါင်းကပ်လှူပွဲ ကျင်းပ

မူဆယ် ဇူလိုင် ၂၈

ဝါတွင်းကာလတွင် မြန်မာ့ဓလေ့ထုံးတမ်းအစဉ်အလာအရ ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲများနှင့် ပဌာန်းရွတ်ဖတ်ပူဇော်ပွဲများ ကျင်းပလျက်ရှိရာ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ ယနေ့နံနက်(၉း၃၀)အချိန်က ဝါဆိုသင်္ကန်း စုပေါင်းကပ်လှူပွဲ ကျင်းပဆောင်ရွက်ခဲ့ပါသည်။

ရှေးဦးစွာ ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲသို့ တက်ရောက်လာသော အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ယုယုသန်းနှင့်တကွ ဆရာ/ဆရာမများ၊ ဖိတ်ကြားထားသော ဌာနဆိုင်ရာများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင်များနှင့် ကျောင်းသား/သူများက ဩကာသကန်တော့ချိုးဖြင့် ရှိခိုးကန့်တော့ခဲ့ကြပါသည်။ ထို့နောက် မူဆယ်မြို့၊ရွှေသမင်ဘုန်းတော်ကြီးကျောင်း ဆရာတော်ဘဒ္ဒန္တဦးသော ပိတထံမှငါးပါးသီလ ခံယူဆောက်တည်တော်မူခဲ့ကြပြီး ရဟန်းအရှင်သူမြတ်တို့အား သင်္ကန်းကပ်လှူပူဇော်ရခြင်း၏ အကျိုးကျေးဇူးများကို နာကြားခံယူတော်ခဲ့ကြပါသည်။ ဆက်လက်ပြီး ကျောင်းအုပ်ဆရာမကြီးနှင့်တကွ ဆရာ/ဆရာမများက ဆရာတော်ကြီးနှင့် ပင့်ဖိတ်ထားသော ဆရာတော်သံဃာတော်များအား သင်္ကန်း များနှင့်လှူဖွယ်ဝတ္ထုအစုစုတို့ကို ကပ်လှူပူဇော်ခဲ့ကြပြီး နေ့ဆွမ်းနှင့် အချိုရည်၊ သစ်သီးတို့ကို ဆက်ကပ်ပူဇော်ခဲ့ကြောင်း သိရပါသည်။

မူဆယ်ခရိုင်(ပြန်/ဆက်)