သန်လျင်လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းကျင်းပပြုလုပ်
Jul 28,2023
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေမြတ်နိုးသူများအသင်း၊ အမျိုးသမီးနှင့်လူငယ်စာပေမြတ်နိုးသူများအဖွဲ့၊ မြို့နယ်စာကြည့်တိုက်များကြီးကြပ်ရေးကော်မတီတို့ ပူးပေါင်းကျင်းပသော စာရေးဆရာ မောင်ခင်မင်(ဓနုဖြူ)ရေးသားသည့် ''အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ'' လူငယ်ဆိုင်ရာစာပေစာအုပ်ဖြင့် အပြန်အလှန်ဆွေးနွေးခြင်းစာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀ နာရီတွင် သန်လျင်မြို့ရှိပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ကျင်းပခဲ့သည်။