မိုင်းရှူးမြို့နယ်တွင် ပန်းခင်းစီမံချက်၂ဖြင့် အရှိန်အဟုန်မြှင့် ကွင်းဆင်းဆောင်ရွက်

မိုင်းရှူး  ဇူလိုင် ၂၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ပန်းခင်းစီမံချက် ၂ ဖြင့် အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ  မိုင်းစံမြို့၊ ဟိုဆိုင်ကျေးရွာအုပ်စု၊ ပါနိမ့်ကျေးရွာ၊ ဝမ်ကန်နယ်‌မြေဖာဖိတ်ရွာရှိ ရွာသူ ရွာသားများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုစာရင်းဇယား ၆၆/၆ပုံစံများကို ယနေ့နံနက်(၉)နာရီခွဲအချိန်က ၀မ်ကန်အုပ်ချုပ်ရေးမှူးရုံး၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

ယင်းကွင်းဆင်းဆောင်ရွက်မှုများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်လွင်၊ခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးအောင် ဆန်းဦးနှင့် ခရိုင်စီမံအုပ်ချုပ်ရေး‌အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလင်းထိုက်နှင့် အဖွဲ့ဝင်များက ကြီးကြပ်ဆောင်ရွက်ပြီး အဆိုပါ ကျေးရွာရှိ ရွာသူရွာသားများအား အိမ်ထောင်စု(၂၅)စု လူဦးရေကျား (၃၅)ဦး၊မ (၄၅)ဦး စုစုပေါင်း(၈၀)ဦး  အိမ်ထောင်စု စာရင်းဇယား ၆၆/၆ပုံစံများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သန်းလူ(ပြန်/ဆက်)