သတင်းများ

ပျဉ်းမနားမြို့နယ်၌ မွေးကင်းစမှ အသက် တစ်နှစ်ခွဲအရွယ် ကလေးငယ်များအား ပုံမှန်တိုးချဲ့ ကာကွယ်ဆေးများ ထိုးနှံတိုက်‌ကျွေး
Jul 28,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်တွင် မွေးကင်းစမှ အသက်တစ်နှစ်ခွဲအရွယ် ကလေးငယ်များအား ပုံမှန်တိုးချဲ့ကာကွယ်ဆေးများ တိုက်‌ကျွေးထိုးနှံခြင်းကို ယနေ့နံနက် ၉ နာရီက လဲလူးအိုင်ကျေးရွာ ကျေးလက်ကျန်းမာရေးဆေးခန်း၌ ကာကွယ်‌ဆေး တိုက်ကျွေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
သဘာဝမြေဩဇာထုတ်လုပ်နိုင်ရေး ရုရှားပညာရှင်(၃)ဦး ကျောက်ဆည်မြို့နယ် တောတွင်ကျေးရွာ ဥစားမွေးမြူရေးကြက်ခြံသို့ ကြည့်ရှုလေ့လာ
Jul 28,2023
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနနှင့် ရှရှားနိုင်ငံတို့ ပူးပေါင်းပြီး သဘာဝမြေဩဇာ ထုတ်လုပ်နိုင်ရေး ရုရှားနိုင်ငံမှ ပညာရှင်(၃)ဦးသည် သဘာဝမြေဩဇာထုတ်လုပ်နိုင်ရေး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန(ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးနိုင်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့ နေ့လည်(၁၂)နာရီက ကျောက်ဆည်မြို့နယ် တောတွင်ကျေးရွာ မန္တလေး မွေးမြူရေးဖွံ့ဖြိုးတိုးတက်မှုကုမ္ပဏီ ပိုင်ဆိုင်သည့် ဥစားကြက်မွေးမြူရေးခြံသို့ ကြည်ရှုလေ့လာခဲ့ရာ မန္တလေးတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကြည်စော၊ ကျောက်ဆည်ခရိုင် အထွထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူးဦးငွေဒိုး၊ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးဝင်းမြင့်နှင့် ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်မင်း၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မြတ်စုအောင်နှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများက ကြိုဆိုခဲ့ပြီး ရုရှားပညာရှင်များသိရှိလိုသည့် အကြောင်းအရာများကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဒေသတစ်ခုဖွံ့ဖြိုးတိုးတက်ရန်အတွက် ပြည်သူအများစုနေထိုင်သည့် ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရန်လိုအပ်ကြောင်း ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်  ပြောကြား
Jul 28,2023
ဒေသတစ်ခုဖွံ့ဖြိုးတိုးတက်ရန်အတွက် ပြည်သူအများစုနေထိုင်သည့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရန်လိုအပ်ကြောင်း ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ဇူလိုင်လ ၂၆ ရက် နံနက်ပိုင်းတွင် ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် သည့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။ 
ပျဉ်းမနားမြို့နယ်၌ ယာဉ်စည်းကမ်းလမ်းစည်းကမ်းအန္တရာယ် အသိပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်
Jul 28,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်တွင် ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် ယာဉ်စည်းကမ်း လမ်းစည်းကမ်းအန္တရာယ်အသိပညာပေး ခြင်းလုပ်ငန်းဆောင်ရွက်မှု ယနေ့နံနက် ပိုင်းက မြို့နယ်အတွင်းရှိ လူစည်ကားရာနေရာများတွင် ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်တွင် ပဲတီစိမ်း၊ ပဲစင်းငုံနှင့် ပဲသီးနှံမျိုးစုံ(၂၀၄၇၈)ဧက စိုက်ပျိုးသွားမည်ဖြစ်
Jul 28,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ဆန်စပါးကို အဓိကထား စိုက်ပျိုးပြီး ဒေသအတွင်း ပဲမျိုးစုံဖူလုံပိုလျှံရေးအတွက် ပဲတီစိမ်း၊ ပဲစင်ငုံနှင့် ပဲသီးနှံမျိုးစုံ တိုးချဲ့စိုက်ပျိုးလျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ပဲသီးနှံမျိုးစုံ(၂၀၄၇၈)ဧက စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။
မဟာအောင်မြေမြို့နယ်၌ မိုးရာသီဘောလုံး(အခမဲ့)သင်တန်း ဖွင့်လှစ်သင်ကြား
Jul 28,2023
မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ နိုင်ငံဂုဏ်ဆောင် အားကစားသမားများ ပေါ်ထွက်လာ‌‌စေရန် ရည်ရွယ်၍ ဘောလုံးသင်တန်းများကို (အခမဲ့) ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ကျိုင်းတုံမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်
Jul 28,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများ  ရုံးလုပ်ငန်းများ ပိုမိုတတ်ကျွမ်း နားလည်လာစေရန်နှင့် လက်တွေ့အသုံးချမှုကျွမ်းကျင်တတ်မြောက်လာစေရန်ရည်ရွယ်၍ ယမန်နေ့ စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟုမ္မလင်းမြို့ ခုတင် (၁၀၀)ဆံ့ပြည်သူ့ဆေးရုံ၌ ဆေးဝါးကုသခံယူနေသူများအား ထောက်ပံ့ ငွေများနှင့် အာဟာရဒါနအဖြစ်ထမင်ဘူးများဝေ
Jul 28,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့ ခုတင်(၁၀၀) ဆံ့ပြည်သူ့ဆေးရုံ၌ ဆေးဝါးကုသခံ ယူနေသော လူနားများအား မြို့နယ်မိခင်နှင့်က လေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ဒုံစေ့နှင့် အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်းများနှင့်တာဝန်ရှိသူများကဇူလိုင်(၂၇)ရက်နေ့နံနက်ပိုင်းက သွားရောက် ကြည့်ရှုအားပေးခဲ့ကြကြောင်းသိရသည်။