မြစ်သားမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ပင်စင်လစာငွေများ လစဉ်ပုံမှန်ထုတ်ပေး

မြစ်သား  ဇူလိုင်  ၂၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ဇူလိုင်လအတွက် ပင်စင်လစာငွေများကို ယနေ့နံနက် ၅ နာရီက စတင်၍ထုတ်ပေးလျက်ရှိရာ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ ပင်စင်လစာလာရောက်ထုတ်ယူရာတွင် အခက်အခဲမရှိ လွယ်ကူအဆင်ပြေစွာ ထုတ်ယူနိုင်ရန်အတွက် ဘဏ်ဝန်ထမ်းများက စီစဥ်ဆောင်ရွက်ပေးလျက်ရှိသည်။

မြစ်သားမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ ပင်စင်စား ဝန်ထမ်းများကို  လစဉ်(၂၁) ရက်နေ့မှ (၂၃)ရက်နေ့အထိ‌ ရက်များတွင် အငြိမ်းစားများအား နံနက်(၅)နာရီထုတ်‌ပေးမည်ဖြစ်ပြီး ကျန်ရက်များတွင် နိုင်ငံ့ဝန်ထမ်းလစာ ထုတ်ပေးသည့်‌‌နေ့အထိ နံနက် (၆)နာရီမှစ၍ ထုတ်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။ ယနေ့နံနက်ပိုင်း ဘဏ်ဖွင့်ချိန်တွင် တုံကင်ထပ်စနစ်ဖြင့် သတ်မှတ်၍ ထုတ်ပေးလျက်ရှိပြီး အငြိမ်းစားပင်စင်စားများလာရောက်ထုတ် ယူလျက်ရှိကြောင်း၊ ပင်စင်လစာငွေများထုတ်ယူရာတွင် ပင်စင်စားဝန်ထမ်းများအနေဖြင့် ကိုယ်တိုင်သော်လည်းကောင်း အကြောင်းအမျိုးမျိုး‌ကြောင့် ကိုယ်တိုင်လာရောက်ထုတ်ယူနိုင်ခြင်းမရှိသူများအနေဖြင့် ၎င်းတို့ မိသားစုဝင်တစ်ဦးမှ ကိုယ်စားလှယ်လွှဲစာဖြင့် ကိုယ်စားလာ‌ရောက်ထုတ်ယူ လျက်ရှိ‌ကြောင်းသိရသည်။ ထို့နောက် ပင်စင်လာရောက်ထုတ်ယူကြသော အငြိမ်းစားဝန်ထမ်းများကို မြစ်သားမြို့နယ် မေတ္တာမွန်ပရဟိတအသင်းမှ ဆန်ပြုတ်များဖြင့် အလူဒါနပြုလုပ်တိုက် ကျွေးခဲ့ကြောင်း မြန်မာ့စီးပွားရေးဘဏ် တာဝန်ရှိသူ တစ်ဦးထံမှသိရသည်။

ဝါဝါမြင့် (မြစ်သား)