ပခုက္ကူ ဇူလိုင် ၂၁
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ မြန်မာ့စီးပွားရေးဘဏ်ခွဲ၌ နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများ၏ ပင်စင်လစာငွေများကို လစဉ်ထုတ်ပေးလျက်ရှိရာ ယနေ့နံနက် ၇ နာရီအချိန်ကစတင်ပြီး ဆက်လက်ထုတ်ပေး လျက်ရှိကြောင်း သိရသည်။
အဆိုပါ ပင်စင်လစားငွေများ ထုတ်ယူရာတွင် အဆင်ပြေချောမွေ့စေရေး ဘဏ်ဝန်ထမ်းများက မြို့ပြပင်စင်၊ နိုင်ငံရေးပင်စင်၊ ကာကွယ်ရေးပင်စင်၊ မြန်မာ့စီးပွားရေးပင်စင် (သက်ပြည့်၊ လုပ်သက်၊ နာမကျန်း၊ မိသားစု၊ လျော်ကြေး)စသည့် နိုင်ငံ့ဝန်ထမ်း အငြိမ်းစားပင်စင် အမျိုးအစားအလိုက် စနစ်တကျစာရင်းရေးသွင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယင်းပင်စင် လစာငွေများကို ဇူလိုင်လ ၂၁ ရက်မှ ၃၁ ရက်အထိ နေ့စဉ်နံနက် ၇ နာရီမှ မွန်းလွဲ ၃ နာရီအတွင်း ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)