ပြည် ဇူလိုင် ၂၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ရှိ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လာရောက်ထုတ်ယူခြင်းနှင့် လစဉ်ပင်စင်ထုတ်ရက်တိုင်း ပြည်မြို့ ခုတင် (၅၀၀) အထွေထွေရောဂါကုဆေးရုံကြီး၌ အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုခံယူရန် လာရောက်ကြသော နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား Biometric အချက်အလက်ကောက်ယူခြင်းနှင့် smart card များ ပြုလုပ်ပေးခြင်းကို ယနေ့နံနက်ပိုင်းတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများက သွားရောက်ဆောင်ရွက်ပေးကြသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် မြို့နယ်လ.ဝ.ကဝန်ထမ်းများက အဆိုပါအငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား Biometric အချက်အလက်ကောက်ယူခြင်းနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြီး ၎င်းတို့ထံမှ e-ID စနစ်ဖြင့် ကိုယ်ရေးအချက်အလက်(Biographic)နှင့် ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူကာ ဂဏန်း (၁၀)လုံးပါ (Unique ID) နံပါတ်ထုတ်ပေးခြင်းနှင့် smart card ထုတ်ပေးခြင်းတို့ကို စနစ်တကျဆောင်ရွက်ပေးခဲ့ကြသည်။
ယင်းဆောင်ရွက်ပေးနေမှုကို ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်ဦးနှင့် တာဝန်ရှိသူများ လာရောက်ကြည့်ရှုအားပေးကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကြောင်း သိရသည်။
ကိုဆက် (ပြန်/ဆက်)