ထန်းတပင်(ရန်ကုန်) သြဂုတ် ၂
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်အမှတ်(၁)ရပ်ကွက်ရှိ မြသိန်းတန်ဘုရားကြီးကျောင်းတိုက်တွင် ယမန်နေ့နံနက်ပိုင်းက အလှူရှင်များ စုပေါင်း၍ စုပေါင်း ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာအခမ်းအနားကို နမောတဿသုံးကြိမ် ရွတ်ဆိုဘုရားကန့်တော့၍ အခမ်းအနားကို စတင်ခဲ့ကြပြီး မြသိန်းတန် ဘုရားကြီးကျောင်းတိုက် ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တသုမနထံမှ ငါးပါးသီလခံယူဆောက်တည်ခြင်းနှင့် သံဃာတော်အရှင်သူမြတ်များထံမှ ပရိတ်တရားတော် မြတ်နာယူခဲ့ကြကြောင်းလည်း သိရသည်။
ထို့နောက်မြသိန်းတန်ဘုရားကြီးကျောင်းတိုက် ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တသုမန နှင့် သံဃာတော်အရှင်သူမြတ်များအား အလှူရှင်များက ဝါဆိုသင်္ကန်းနှင့် လှူဖွယ် ဝတ္ထုအစုစုတို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ရေစက်သွန်းချတရားတော်မြတ် နာယူခဲ့ကြကာ ကောင်းမှုကုသိုလ်အစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြကြောင်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)