ဘားအံမြို့၌ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show) ပြုလုပ်

ဘားအံ  ဩဂုတ် ၂

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုခြေပြုဗဟိုဌာန ပြည်သူ့စာကြည့်တိုက်တွင် အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပထမပုဂ္ဂလိဂဘဏ်ဆောင်ရွက်ပေးနေမှု အခြေအနေ ဆွေးနွေးပွဲ (Talk Show) ကို ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့ရာ ဘားအံခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးအေးနှင့် ပထမပုဂ္ဂလိကဘဏ်မှ အကြီးတန်းစာရေး ကိုင်(၁) ဒေါ်ဝင်းလဲ့ဖြူ တို့မှ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘားအံခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးအေးက နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုတွင် အဓိကမောင်းနှင်အားဖြစ်ပြီး ပြည်သူလူထု၏ အလုပ်အကိုင်အခွင့်အလမ်းများကို ဖန်တီးပေးနိုင်စွမ်းရှိခြင်းကြောင့် အသေး စား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးသည် အရေးပါသည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်းစသည့် ဆွေးနွေးပွဲ(Talk Show) ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီးနောက် ကရင်ပြည်နယ် ပထမပုဂ္ဂလိကဘဏ် ဘားအံဘဏ်ခွဲ အကြီးတန်း စာရေးကိုင်(၁) ဒေါ်ဝင်းလဲ့ဖြူက MSME လုပ်ငန်းသတ်မှတ်ချက်၊ MSME ချေးငွေ အတိုးနှုန်းကောက်ခံမှု၊ MSME ချေးငွေရယူရာတွင် ဘဏ်မှလက်ခံနိုင်သည့်အာမခံပစ္စည်းများ၊ ချေးငွေချေးယူနိုင်သည့်ကာလ၊ MSME ချေးငွေများပြန်လည်ပေးဆပ်ရမည့်ကာလ၊ MSME ချေးငွေသုံးစွဲရမည့်နည်းလမ်းများ၊ ချေးငွေရယူနိုင်သည့်လုပ်ငန်းများ၊ ချေးငွေမရယူနိုင်သည့် လုပ်ငန်းများ စသည်တို့ကို အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။         

ခရိုင်(ပြန်/ဆက်)