ဝါဆိုလပြည့်(ဓမ္မစကြာအခါတော်နေ့)တွင် ပြည်ရွှေဆံတော်စေတီတော်မြတ်ကြီး၌ ကုသိုလ်ကောင်းမှုပြုသူများဖြင့်စည်ကား

ပြည် ဩဂုတ် ၂

ဝါဆိုလပြည့်(ဓမ္မစကြာအခါတော်နေ့)တွင် ပြည်မြို့ လေးဆူဓာတ်ပျော် ရွှေဆံတော် စေတီတော်မြတ်ကြီး ရင်ပြင်တော်၌ ဘုရားဖူးလာပြည်သူများ၊ ကုသိုလ်ကောင်းမှု ပြုသူများဖြင့် စည်ကားလျက်ရှိသည်ကို‌ တွေ့ရသည်။

ယနေ့တွင် နံနက်ပိုင်းမှ ညပိုင်းအထိ တစ်နေ့လုံး အဆက်မပြတ်မိုးရွာသွန်းမှု ရှိနေသော်လည်း စေတီတော်ရင်ပြင် မွေးနံထောင့်အသီးသီး၌ ပန်း၊ ဆီမီး၊ ရေချမ်းကပ်သူ၊ ရေသပ္ပါယ်သူနှင့် အခြားကုသိုလ်ကောင်းမှု ပြုကြသူများအပါအဝင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိကာ ညနေ ၅ နာရီတွင် စေတီတော်ရင်ပြင် မြတ်စွယ်တော်တိုက်၌ ၁၅ ကြိမ်မြောက် ဓမ္မစကြာအခါတော်နေ့ အခမ်းအနားကျင်းပပြီး ဝတ်အသင်းများက ဓမ္မစကြာ ဒေသနာတော်ကို ပါဠိတော်ဖြင့် ရွတ်ဆိုပူဇော်ကြကြောင်း သိရသည်။

ကိုဆက်(ပြန်/ဆက်)