ရွှေဘိုမြို့ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း၊ အမှတ်စဥ်(၂၀)သင်တန်းဖွင့်ပွဲ၊ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းနှင့် ဆွမ်းဆန်တော်၊ ဆီဆက်ကပ်လှူဒါန်းပွဲ ကျင်းပ

ရွှေဘို သြဂုတ် ၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့၌ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း၊ အမှတ်စဥ်(၂၀) သင်တန်းဖွင့်ပွဲ၊ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းနှင့် ဆွမ်းဆန်တော်၊ ဆီ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီခွဲ အချိန်က အောင်မြေဘုန်းတော်ကြီးကျောင်းခန်းမတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ တက်ရောက်လာသူများမှ နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနား ဖွင့်လှစ်ခဲ့ပြီး ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ကျောင်းအုပ်ဆရာတော် ဘဒ္ဒန္တသြသဓ အရှင်သူမြတ်ထံမှ (၅)ပါးသီလခံယူဆောက်တည်ကာ၊ တိုင်းဒေသကြီးသံဃနာယကအဖွဲ့၊ တွဲဖက်အကျိုးတော်ဆောင်၊ အောင်မြေကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တအဂ္ဂဓမ္မ အရှင်သူမြတ်မှသြဝါဒစကား ချီးမြှင့်ပေးခဲ့သည်။

ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦး၊ အတွင်းရေးမှူး၊ ဒုတိယရဲမှူးကြီး အောင်ရာဇာဖြိုး၊ ဒုခရိုင်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်၊ အဖွဲ့ဝင် ခရိုင်လဝကဦးစီးမှူး ဦးအောင်မြင့်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့မိမြို့ဖများမှ လှူဖွယ်ပစ္စည်းနှင့် ဝါဆိုသင်္ကန်းများ ဆက်ကပ်လှူဒါန်းခဲ့ကြရာ နိုင်ငံတော်ဗဟိုသံဃဝန်ဆောင် သီတဂူကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တက္ကုန္ဒာဝုဓ အရှင်သူမြတ်မှ အနုမောဒနာတရား တော်ဟောကြားချီးမြှင့်ခဲ့ပြီးလှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။    

ဆရာတော် သံဃာတော်များမှ မေတ္တာသုတ်ပရိတ်တရားတော်များ ရွတ်ပွားသရဇ္ဇျယ်ခြင်းများ ပြုလုပ်ပေးခဲ့ပြီး “ဗုဒ္ဓသာသနံ စိရံတိဠတု” သုံးကြိမ်ရွတ်ဆို၍ အခမ်းအနား ပြီးမြောက်အောင်မြင်ခဲ့သည်။ ထို့နောက်ဆရာတော် သံဃာတော်များအား၊ နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြပြီး၊ ဝါဆိုသင်္ကန်း၊ ဆန်၊ ဆီ၊ ဝတ္ထုငွေစုစုပေါင်းတန်ဘိုး (၉,၁၀၀,၀၀၀ိ)ကျော် လှူဒါန်းနိုင်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)

အေးမြင့်စန်း