ရန်ကင်း သြဂုတ် ၂
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် ပြည်သူများ စာပေဖတ်ရှုလိုစိတ်မြင့်မားလာစေရန်နှင့် စာပေဆွေးနွေးတတ်သည့် အလေ့အထများ ဖော်ဆောင်နိုင်စေရန် ရည်ရွယ်၍ စာပေချစ်မြတ်နိုးသူများပူးပေါင်းကာ ယနေ့ မွန်းတည့် ၁၂ နာရီအချိန်က စာဖတ်ဝိုင်းကို ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ရန်ကင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်လှလှထွေးက စာဖတ်ဝိုင်းများ ကျင်းပဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ဆွေးနွေးခဲ့ပြီး စာဖတ်ဝိုင်းတွင် ဦးဆောင်ဆွေးနွေးသူ စာရေးဆရာမပေါက်ပေါက်နှင့် စာရေးဆရာ မြင့်မောင်(Phil-Q)တို့က စာရေးဆရာမ ခင်စောတင့် ရေးသားသော စွန့်စားမှုဆီသို့ခြေတစ်လှမ်း စာအုပ်ဖြင့် ဘဝတွင်တွေ့ကြုံရတတ်သည့် လူ့သဘာဝများ၊ အောင်မြင်မှုများရရှိစေရန် ဆောင်ရွက်သင့်သည့်အချက်များ၊ စိတ်နှင့်ပတ်သက်သည့် လေ့လာ့ဖွယ်ရာ အကြောင်းများနှင့် ပတ်သက်၍ ဖတ်ကြားဆွေးနွေးခဲ့ပါသည်။ ထို့နောက်စာဖတ်ဝိုင်းသို့တက်ရောက်လာကြသော စာပေချစ်မြတ်နိုးသူများက စာအုပ်ပါအကြောင်းအရာများအပေါ် ရှုထောင့်အမျိုးမျိုးမှ သုံးသပ်ဆွေးနွေးခဲ့ကြပြီးစာဖတ်ဝိုင်းအပြီးတွင် တက်ရောက်လာသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်ကျင်းပြသထားသော စာအုပ်ပြပွဲနှင့် နံရံကပ် စာစောင်ပြသထားမှုများအား စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
လှလှထွေး (ပြန်/ဆက်)