ဆင်ပေါင်ဝဲမြို့နယ်တွင် (၁၉) ကြိမ်မြောက် ဝန်ထမ်းပေါင်းစုံ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကျင်းပ

ဆင်ပေါင်ဝဲ ဩဂုတ် ၂

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် (၁၉) ကြိမ်မြောက် ဝန်ထမ်းပေါင်းစုံ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယနေ့ နေ့လယ် ၂ နာရီ အချိန်က အမှတ် (၃) ရပ်ကွက်အတွင်းရှိ ကျောက်မှော်ကျောင်းတိုက်၌ ကျင်းပခဲ့ကြကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆိုပြီး ကမ္ဘာအေးကျောင်း တိုက်ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မ‌ဇောတိကဓဇဘဒ္ဒန္တဝိမလထံမှ ရှစ်ပါးသီလခံယူ ဆောက်တည်ကာ သံဃာတော် အရှင်သူမြတ်များ ရွတ်ဖတ်အပ်သော ပရိတ်တရားတော်များ နာယူခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး လှူဒါန်းဖွယ်အစုစုအတွက် ရေစက်သွန်းချ အမျှအတန်းပေးဝေခဲ့ကာ ဗုဒ္ဓသာသနံစိရံတိဌတု (၃) ကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြကြောင်း သိရသည်။

ခန့်ဝင်း(ဆင်ပေါင်ဝဲ)