ကွတ်ခိုင်ဒေသထွက် ဆေးဘက်ဝင် ချဉ်စော်ခါးသီး လားရှိုးတွင် ရောင်းအားကောင်း

လားရှိုး ဩဂုတ် ၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ မြို့မဈေးကြီးအတွင်းတွင် ကွတ်ခိုင်ဒေသထွက် ချဉ်စော်ခါးသီးများ ရောင်းအားကောင်းနေကြောင်း သိရသည်။ ချဉ်စော်ခါးသီး အလုံးကြီးဆယ်လုံးလျှင် ခြောက်ထောင်ကျပ်ဈေးမှ  ၃၀၀၀ ကျပ်ဈေးထိရှိကြောင်း သိရသည်။

ကွတ်ခိုင်ဒေသသည် ပင်လယ်ရေမျက်နှာပြင်အမြင့် ပေပေါင်း ၄၄၀၀ နှင့်အထက်တွင် တည်ရှိသော မြို့ဖြစ်သောကြောင့် မက်မန်းသီး၊တယ်သီး၊ ချဉ်စော်ခါးသီး၊ သစ်တော်သီး၊ပန်းသီး၊မက်မွန်သီးများ စိုက်ပျိုး ဖြစ်ထွန်းသောမြို့တစ်မြို့ဖြစ်သည်။

ချဉ်စော်ခါးသီးကို အစိမ်းစားခြင်း၊ ယိုထိုး၍စားသုံးခြင်း၊ ဟင်းရည်အဖြစ် ဖျော်၍ထမင်းနှင့်အတူ သောက်သုံးနိုင်ခြင်း၊ ဝိုင်ပြုလုပ်၍ သောက်သုံးနိုင်ခြင်းများပြုလုပ်၍ စားသုံးနိုင်သကဲ့သို့  ၎င်းကို စားသုံးခြင်းဖြင့် သွေးပေါင်ချိန်ထိန်းညှိပေးနိုင်ခြင်း၊ နာတာရှည်ရောဂါမဖြစ်စေရန် ကာကွယ် ပေးနိုင်ခြင်း၊ ဝမ်းချုပ်ရောဂါမှ ကာကွယ်ခြင်း၊ သွေးတွင်းရှိ ကိုလက်ထရောကို ကျဆင်းစေပြီး နှလုံးရောဂါခံစားရနိုင်ခြေလျော့ချပေးခြင်း၊ အနာကျက်မြန်စေခြင်း စသည့်အကျိုးကျေးဇူးများ ရရှိစေကြောင်း သိရသည်။

စိုင်းထွန်း (လားရှိုး)