အထက်မင်းလှ ဩဂုတ် ၄
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် ရွာတော်ကျေးရွာတွင် ကွင်းအမှတ် (၈၃၈) ၊ ဦးပိုင်(၂၁)၊ တောင်သူဒေါ်လှမြင့်သိန်း၏ ယာမြေ(၆) ဧကရှိ (၀.၁၀) ဧကပတ်လည်စံကွက် မိုးနှမ်း၊ နှမ်းနီ(၂၅)မျိုး စိုက်ပျိုးမှု စံကွက်ရိတ်သိမ်းဆောင်ရွက်ခြင်းကို ယနေ့နံနက်(၈)နာရီက အဆိုပါ နှမ်းစိုက်ဧကကွင်း၌ဆောင်ရွက်ခဲ့သည်။
အဆိုပါ မိုးနှမ်းစံကွက် ရိတ်သိမ်းဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအာင်နှင့် အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်း အင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ရပ်ကွက်၊ ကျေးရွာစိုက်ပျိုးရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များက တောင်သူများပူးပေါင်း၍ မိုးနှမ်းစံကွက်ရိတ်သိမ်းခြင်းဆာင်ရွက်ခဲ့သည်။
ယခုနှစ်စိုက်ပျိုးသည့် မိုးနှမ်းများကို ၂၀၂၃ ခုနှစ် မေလ ၁၆ ရက်နေ့က စတင်စိုက်ပျိုးခဲ့ရာ ဩဂုတ်လ ၄ ရက်နေ့ထိ ရက်ပေါင်း(၈၀)အကြာတွင်စံကွက် ရိပ်သိမ်းခဲ့ခြင်းဖြစ်ပြီး ယခုနှစ်တွင် စိုက်ပျိုးခဲ့သည့် နှမ်းနီ(၂၅) စိုက်ပျိုးမှုအတွက် နှမ်းအထွက်နှုန်း ကောင်းရန်မျှော်လင့်ပါကြောင်း နှမ်းစိုက်တောင်သူထံမှ သိရသည်။
ဇာဇာ(အထက်မင်းလှ)