လဲချား ဩဂုတ် ၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် ဌာနဆိုင်ရာများစုပေါင်း၍ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က လဲချားမြို့ရှိ ဟော်ခမ်းကျောင်း၊ သီရိမင်္ဂလာအုဋ်ကျောင်း၊ ဟိုရင်ကျောင်းနှင့် သဘာဝရိပ်သာသီလရှင်ကျောင်းတိုက်၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။
ဆက်လက်၍ ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်းထိုင်ဆရာတော်များထံမှ ငါးပါးသီလ ခံယူဆောက်တည်ကာ သံဃာတော်အရှင်သူမြတ်များ ရွတ်ဖတ်အပ်သော ပရိတ်တရားတော်များနာယူ၍ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး လှူဖွယ်အစုစုတို့အတွက် ရေစက်သွန်းချ အမျှအတန်းပေးဝေခဲ့ကာ ဗုဒ္ဓသာသနံ စိရံတိဠတု သာသနာပြုအဓိဌာန် သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုတ်သိမ်းပြီး ဆရာတော်အရှင်သူမြတ်များအား ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခဲ့သည်။
အခမ်းအနားသို့ လဲချားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးမြင့်ဝေနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ အလှူရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်၊ဆက်)