ပန်းတနော် ဇူလိုင် ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) ရွှေနော်သီရိခန်းမတွင် ယနေ့နံနက် ၉း၃၀ နာရီအချိန်က မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်းသင်တန်း အပတ်စဥ် (၄) အား စာတွေ့၊ လက်တွေ့ (၂) ပိုင်းခွဲ၍ ဖွင့်လှစ်သင်ကြားကြောင်း သိရသည်။
မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) စက်အား ကျွမ်းကျင်စွာ အသုံးပြုတတ်စေရန်နှင့် ထိန်းသိမ်းတတ်စေရန်ရည်ရွယ်၍ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်းသင်တန်းကို ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါသင်တန်းသို့ ပန်းတနော်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ မြို့နယ်ရွေးကောက်ပွဲအရာရှိ ဒေါ်ခင်သန္တာမြင့်နှင့် တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/ သင်တန်းသူ (၁၀၀) ဦး တက်ရောက်လျက်ရှိပြီး သင်တန်းအား ဇူလိုင်လ (၁၄) ရက်နေ့မှ ဩဂုတ်လ (၇) ရက်နေ့အထိ သင်တန်းအပတ်စဥ် (၁၀) ခုဖြင့် ဆက်လက်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)