ကျေးသီး ဇူလိုင် ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့နယ်အတွင်းရှိ ပင်စင်စားအငြိမ်းစား ဝန်ထမ်းများအား ပင်စင်လစာငွေများကို ယနေ့နံနက် ၈ နာရီခွဲက မြို့နယ်မြန်မာ့ စီးပွားရေးဘဏ်၌ စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ပင်စင်လစာများ ထုတ်ပေးရာတွင် မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာနှင့် ဝန်ထမ်းများက ကြီးကြပ်၍ ပင်စင်စားအငြိမ်းစားဝန်ထမ်းများအနေဖြင့် ပင်စင်လစာများ ထုတ်ယူရာတွင် စနစ်တကျရှိစေရေး၊ လိုအပ်သော စာရွက်စာတမ်းများ၊ အချက်အလက်များအား မှန်ကန်စေရေးတို့ကို စနစ်တကျ ဆောင်ရွက်ပေးခဲ့ပြီး ပင်စင်လစာများ ထုတ်ပေးလျက်ရှိကြောင်း၊ ကျေးသီးမြို့နယ်တွင် အငြိမ်းစားဝန်ထမ်း (၁၁၈) ဦးကျော်ရှိပြီး ရပ်ဝေးပင်စင်စား အငြိမ်းစားဝန်ထမ်းများအနေဖြင့် ပင်စင်လစာများကို လာရောက်ထုတ်ယူရာတွင် ပိုမိုလွယ်ကူအဆင်ပြေချောမွေ့စေရန်အတွက် ပင်စင်လစာများကို ဇူလိုင်လ ၂၁ ရက်နေ့ နောက်ပိုင်းရုံးဖွင့်သည့် ရက်များတွင် နံနက် (၈) နာရီခွဲမှ မွန်းလွဲ (၁) နာရီအထိ ပုံမှန်ထုတ်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မြန်မာ့စီးပွားရေးဘဏ်မှ သိရသည်။
စိုင်းငင်း