နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးပြီး စားသုံးဆီနှင့် ကြက်ဥများ သက်သာသောဈေးနှင့် ရောင်းချပေး

ကြို့ပင်ကောက် ဇူလိုင် ၂၁

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ပြည်သူဆေးရုံ၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ ပင်စင်လစာထုတ်ရက်တွင် ကျန်းမာရေးစောင့်ရှောက်မှုများ အခမဲ့ဆောင်ရွက်ပေးပြီး စာသုံးဆီနှင့် ကြက်ဥများသက်သာသော ဈေးနှုန်းဖြင့် ရောင်ချပေးခြင်းကို ယနေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။

နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ ပင်စင်လစာထုတ်ရက်တွင် ကျန်းမာရေးစောင့်ရှောက်ပေးခြင်းကို မြို့နယ်ဆရာဝန်ကြီးနှင့် ကျန်းမားရေးဝန်ထမ်းများက ဆောင်ရွက်ပေးခဲ့ရာ နိုင်ငံ့ဝန်ထမ်းအငြိမ်းစား ၇၀ ကျော်၏ လိုအပ်သော ဆေးဝါးများကို အခမဲ့ထုတ်ပေးခဲ့ကြောင်းနှင့် မြို့နယ်စားသုံးသူရေးရာမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများက စာသောက်ကုန်ရောင်းချသူများနှင့် ချိတ်ဆက်ကာ စားသုံးဆီတစ်ပိသာလျင် ငွေကျပ် ၆၇၀၀၊ ကြက်ဥတစ်လုံးလျင် ၃၉၀ ကျပ်နှုန်းဖြင့် ဆီပိသာချိန် ၅၀ နှင့် ကြက်ဥအလုံး ၃၀၀ တို့အား ရောင်းချပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကျန်းမားရေးစောင့်ရှောက်ပေးခြင်းနှင့် စားသောက်ကုန်များ ရောင်းချပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်ဇေယျနှင့် တာဝန်ရှိသူများ အားပေးကြည့်ရှုပြီး နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ လိုအပ်ချက်များ ပံ့ပိုးကူညီပေးခဲ့ကြောင်း သိရသည်။

ဇေယျာထွန်း