ကရသူရိ ဇူလိုင် ၂၁
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ မြို့ပေါ်ရပ်ကွက်များ၌ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုးရာသီတွင် ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးရောဂါအား ဒေသခံပြည်သူများ ကြိုတင်ကာကွယ်တားဆီးနိုင်ရေး မြို့အုပ်ချုပ်ရေးမှူး ဦးအေးမျိုးအောင်၊ တိုက်နယ်တာဝန်ခံဆရာဝန် ဒေါက်တာကျော်လင်းထွန်းနှင့်ကျန်းမာရေးဝန်ထမ်းများ၊ မြို့စည်ပင်သာ ယာရေးအဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိ/ရပ်ဖတို့ ပူးပေါင်း၍ နေအိမ်ပတ်ဝန်းကျင်၌ ခြင်ပေါက်ဖွားမှု ရှိ/မရှိ စစ်ဆေးခြင်း၊ ရေတိုင်ကီ၊ ရေအိုးနှင့်ရေပုံးတို့အား ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ခြင်း၊ ရေကန်၊ ရေစည်နှင့်ရေလှောင်အသုံးပြုသည့်နေရာများ၌ Abate ဆေးခတ်ခြင်းတို့ကို ဆောင်ရွက်ကြသည်။
ထို့နောက် သွေးလွန်တုပ်ကွေးရောဂါဆိုင်ရာ ရှောင်ရန်/ ဆောင်ရန်များ၊ အိမ်ဘေးပတ်ဝန်းကျင် သန့်ရှင်းရေးနှင့် တစ်ကိုယ်ရေသန့်ရှင်းစွာနေထိုင်ရေးတို့ကို ပညာပေးပြောကြားခဲ့ကြောင်း သိရသည်။
ကရသူရိ(ပြန်/ဆက်)