တောင်ငူမြို့၊ အ.ထ.က (၅) ၌ ၂၀၂၅ ခုနှစ်၊ ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

တောင်ငူ ဇူလိုင် ၂၁

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်သစ်တောဦးစီးဌာနနှင့် တောင်ငူမြို့နယ် သစ်တောဦးစီးဌာနတို့ ဦးဆောင်ကာ ခရိုင်နှင့် မြို့နယ်သစ်တောဦးစီးဌာနမှ ဝန်ထမ်းများက တောင်ငူမြို့၊ အ.ထ.က ()၌ ၂၀၂၅ ခုနှစ်၊ ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် (၉) နာရီအချိန်က ကျင်းပသည်။

ထိုသို့ သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပရာတွင် တောင်ငူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးလွင်က လူထုဖြန့်ပျိုးပင်များအား ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပရဟိတအသင်းအဖွဲ့များအား ပေးအပ်ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များနှင့် အထက ()မှ ဆရာ၊ ဆရာမများ၊ ကျောင်းသားကျောင်းသူများ စုစုပေါင်း (၅၀၀)ဦးခန့်က ပိတောက်၊ ကံ့ကော်၊ ယင်းမာ၊ စိန်ပန်းဝါ၊ မန်ဂျန်ရှား၊ ပေါက်ပန်းဖြူ၊ ကျွန်း၊ စုစုပေါင်းအပင် (၆၁၀) ကို စိုက်ပျိုးခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)