တံတားဦး ဩဂုတ် ၈
တံတားဦးမြို့အခြေခံပညာဦးစီးဌာနနှင့် ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းပြီး ကျောင်းသား၊ ကျောင်းသူများ သွားတိုက်နည်းစနစ်မှန်ရေးအတွက် အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်(၁၀)နာရီက အခြေခံပညာအထက်တန်းကျောင်း ရတနာထွန်းခန်းမ၌ ဆောင်ရွက်ကြောင်းသိရသည်။
အသိပညာပေးဟောပြောပွဲတွင် ကျောင်းအုပ်ဆရာကြီးဦးကိုကိုမောင်က အမှာစကားပြောကြားပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာန လက်ထောက်ဆရာဝန်ဒေါက်တာသက်ထွန်းက ကျောင်းသား၊ ကျောင်းသူများ လက်တွေ့သွားတိုက်နည်းစနစ်မှန်ကန်ရေး၊ သွားရောဂါမဖြစ်ပွားရေး၊ ပိုးစားမှကာကွယ်ရေး၊ သွားပိုးပေါက်မဖြစ်ပွားနှင့် သွားတိုက်နည်းများကို တစ်ချိန်တည်းလက်တွေ့ပြသခဲ့ကြောင်း သိရသည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား သွားများခိုင်မာရေးအတွက် ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ရဲတင့်( ပြန်/ဆက်)