တောင်သာမြို့နယ် ဥသျှစ်ပင်(အင်ကြင်းသာတောတိုက်)ကျေးရွာတွင် ကုန်ထုတ်တံတားဆောက်လုပ်နေမှု ကွင်းဆင်းစစ်ဆေး

တောင်သာ သြဂုတ်

မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊ ဥသျှစ်ပင်(အင်ကြင်းသာတောတိုက်) ကျေးရွာတွင် ကုန်ထုတ်တံတားဆောက်လုပ်နေမှုအား မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းနှင့် တာဝန်ရှိသူများက ယမန်နေ့က အဆိုပါကုန်ထုတ်တံတားသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်ဦးစီးမှူးက မှတ်စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်ရန်၊ သတ်မှတ်ကာလအချိန်မီပြီးစီးနိုင်ရေး၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းစေရေး၊ တံတားဆောင်ရွက်ပြီးပါက လုပ်ငန်းဆိုင်းဘုတ်များ စနစ်တကျတပ်ဆင်ထားရေး တည်ဆောက် ရေးတာဝန်ခံအား မှာကြားခဲ့ပြီး ကျေးရွာကော်မတီဝင်များကိုလည်း ရှေရှည်တည်တံ့စေရေး ထိန်းသိမ်းစောင့်ရှောက်ပေးကြရန် မှာကြားခဲ့ကြောင်းသိရသည်။

အဆိုပါ ကုန်ထုတ်တံတား အမျိုးအစားမှာ အုတ်ရိုးစီ Slab Culvert အမျိုးအစားဖြစ်ပြီး ပြည်ထောင်စုဘဏ္ဍာ(မွမ်းမံ)ရန်ပုံငွေ ကျပ်(၄.၁၁)သန်းဖြင့်အလျား ၁၈ ပေ၊ အနံ ၃ ပေ၊ အမြင့် ၃ ပေ တည်ဆောက်သွားမှာဖြစ်ကြောင်း၊ ဖော်ပြပါ လုပ်ငန်းကို ဦးစီးဌာနက လုပ်ငန်းကော်မတီ ဖွဲ့စည်း၍ တာဝန်ယူပြီး Shopping Method စနစ်ဖြင့် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ယခုအခါ လုပ်ငန်းအားလုံး၏ ၅၀ ရာခိုင်နူန်းပြီးစီးနေပြီဖြစ်ကြောင်း သိရကာ လုပ်ငန်းအားလုံး ဆောင်ရွက် ပြီးစီးပါက ယင်းကုန်ထုတ်လမ်းတံတားကို အသုံးပြုသည့် တောင်သူများ၏ ကုန်စည်များ စျေးကွက်သို့ လျင်လျင်မြန်မြန် တင်ပို့နိုင်မည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းထံမှ သိရသည်။

ကျော်မျိုးနိုင်(တောင်သာ)