စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ အခြေခံ/အဆင့်မြင့် စက်ချုပ်သင်တန်းအမှတ်စဉ် ၃/၂၀၂၃ သင်တန်းဆင်းပွဲ အခမ်းအနားတက်ရောက်

မုံရွာ သြဂုတ်

ကလေးအလုပ်သမားများအား အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေမှုများလျော့နည်းပပျောက်စေရေး၊ သင့်လျော်ကောင်းမွန်သည့် အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရေးနှင့် မိသားစုဝင်ငွေ တိုးတက်ရရှိကာ အမျိုးသမီးငယ်များ သက်မွေးပညာသင်တန်းများ တက်ရောက်နိုင်ရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီး ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီ၏ အခြေခံ/အဆင့်မြင့် စက်ချုပ်သင်တန်း အမှတ်စဉ် /၂၀၂၃ သင်တန်းဆင်းပွဲအခမ်းအနားကို သြဂုတ်လ ရက်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမတွင် ကျင်းပရာ သင်တန်းဆင်းပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှ အရာရှိကြီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သင်တန်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က ကလေးအလုပ်သမား လျော့နည်းပပျောက်ရေးအတွက် ဆောင်ရွက်ရာတွင် အလုပ်လုပ်ကိုင်နိုင်သည့် ကလေးများအား လုပ်ငန်းခွင်မှဖော်ထုတ်ဖယ်ရှားရုံသက်သက် ဆောင်ရွက်ခြင်းမဟုတ်ဘဲ ဥပဒေအရ အကာအကွယ်ပေးရေး၊ ကျောင်းနေအရွယ်အားလုံး ကျောင်းနေနိုင်ရေးအား ကူညီဆောင်ရွက်ပေးရေး၊ မိသားစုအလိုက်ဝင်ငွေ တိုးတက်ရရှိရေးလုပ်ငန်းများနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဆောင်ရွက်ပေးရေး၊ ဆင်းရဲနွမ်းပါးမှုလျော့ချခြင်းတို့ အားအရပ်ဘက်လူမှုအဖွဲ့အစည်းအားလုံးမှ ဟန်ချက်ညီညီပူးပေါင်းဆောင်ရွက်ကြမှသာ ကလေးအလုပ်သမား ပပျောက်ရေး လုပ်ငန်းစဉ် အောင်မြင်မှာဖြစ်ပါကြောင်း၊ လူငယ်များနှင့် ကလေးသူငယ်များ၏ ဖွံ့ဖြိုးမှုအခန်းကဏ္ဍသည် နိုင်ငံတစ်နိုင်ငံ၏ အနာဂါတ်ပုံရိပ်အား ဖန်တီးပေးရာမှာ အလွန်အရေးကြီးသည့်အတွက် လူငယ်များနှင့် ကလေးသူငယ်များသည် နိုင်ငံ၏ အနာဂတ်အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အရင်းအမြစ်များဖြစ်ပါကြောင်း၊ ကလေးသူငယ်များဖွံ့ဖြိုးတိုးတက်ရေး၊ ကလေးအလုပ်သမား ပပျောက်ရေး တာဝန်ရှိသူအားလုံး မှပူးပေါင်းဆောင်ရွက်ပေးကြရန်လိုအပ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် မိမိဒေသနှင့်ကိုက်ညီမှုရှိမည့် အသက်မွေးမှုနှင့် ကျွမ်းကျင်မှုဆိုင်ရာသင်တန်းများအား စဉ်ဆက်မပြတ် ဖွင့်လှစ်ပေးသွားရန် စီစဉ်ဆောင်ရွက်ထားရှိပါကြောင်း၊

ယခုဖွင့်လှစ်ခဲ့သည့် အခြေခံ/အဆင့်မြင့်စက်ချုပ်သင်တန်းသည် အမျိုးသမီးများအတွက် မိသားစုဝင်ငွေရနိုင်ပြီး အလုပ်အကိုင် အခွင့်အလမ်းများရရှိနိုင်၍ ဒေသအသီးသီးမှ သင်တန်းသူများအနေဖြင့် စာတွေ့၊လက်တွေ့သင်ကြားနိုင်ခဲ့အတွက် တန်ဖိုးမဖြတ်နိုင်သည့် သင်တန်းတစ်ခုဖြစ်ပါကြောင်း၊ သင်တန်းသူများအနေဖြင့်လည်း သင်တန်းမှပို့ချပေးလိုက်သည့် နည်းပညာရပ်များအား စိတ်ပါဝင်စားစွာဖြင့် နာယူမှတ်သားကြပြီး သင်တန်းမှလေ့ကျင့်သင်ကြား ပေးသည့်ပညာရပ်ဖြင့် ဝင်ငွေရရှိမည့်အလုပ်အကိုင်များ ရရှိနိုင်ကြစေရန်နှင့် မိမိတို့ဘဝလုံခြုံမှုအတွက် အထောက်အပံ့ကောင်းများဖြစ်ကြစေရန် တိုက်တွန်းပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အခြေခံ/အဆင့်မြင့်စက်ချုပ်သင်တန်း အမှတ်စဉ် /၂၀၂၃ တွင် သင်တန်းထူးချွန် ကျောင်းသူ ဦးအား စက်ချုပ်စက်များပေးအပ်ချီးမြှင့်ပြီး တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းက သင်တန်းသူများထံ သင်တန်းဆင်းလက်မှတ်များအားလည်းကောင်း၊ တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်က သင်တန်းနည်းပြများထံ ဂုဏ်ပြုချီးမြင့်ငွေများအားလည်းကောင်း ပေးအပ်ချီးမြင့်ခဲ့ကြပြီး သင်တန်းသူများ ကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာ သင်တန်းခန်းမအတွင်း ပြသထားသော သင်တန်းသူများကိုယ်တိုင် ချုပ်လုပ်ထားသော အဝတ်အထည်များအား လိုက်လံကြည့်ရှုအား ပေးခဲ့ကြပြီး သင်တန်းသူများအား ရင်းရင်းနှီးနှီးလိုက်လံနုတ်ဆက်အားပေးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။

အဆိုပါ စစ်ကိုင်းတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်း ကော်မတီ၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ အခြေခံ/အဆင့်မြင့်စက်ချုပ်သင်တန်း /၂၀၂၃ သင်တန်းသို့ သင်တန်းသူ စုစုပေါင်း  ၂၀ ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလ ကြာ စာတွေ့၊လက်တွေ့ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)