ညောင်ဦး ဩဂုတ် ၈
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ လက်ပံခြေပေါ် ကျေးရွာအုပ်စုမှကျေးရွာများ တနှစ်ပတ်လုံးပြောင်းဖူး စိုက်ပျိုးရောင်းချကြကြောင်း ပြောင်းဖူးစိုက်တောင်သူ ဦးဝင်းတင့်ထံက သိရသည်။
ညောင်ဦးမြို့နယ်၊ လက်ပံခြေပေါ်အုပ်စုသည်ရှိ ကျေးရွာများသည် တနှစ်ပတ်လုံး မြေအောက်ရေအသုံးပြုကာ ပြောင်းဖူးပြီး ပြောင်းဖူးစိုက်ပျိုးကြပြီး တနှစ်လေးကြိမ်ထိ စိုက်ပျိုးရောင်းချနေသည့် ကျေးရွာများဖြစ်ကြောင်း သိရသည်။ ကျွန်တော်တို့တွေ ပြောင်းဖူး စိုက်ပျိုးရတာ ဈေးကွက်အခြေအနေထက် ပြောင်းဖူးတစ်သီးစိုက်ပျိုးလျှင် အချိန်နှစ်လခန့် ဖြင့်ပေါ်သောကြောင့် ရောင်းချချိန်မြန်ပြီး ငွေလည်းအမြန်ပေါ်ကြောင်း၊ ထွက်ရှိလာသည့် ပြောင်းဖူးများကို ညောင်ဦး-မြင်းခြံကားလမ်မကြီး ဘေးတဘက်တချက်တွင် ယာယီတဲများထိုးကာ ရောင်းချကြကြောင်း၊ မန္တလေး၊ ရန်ကုန်မြို့ကြီးများမှ ပြောင်းဖူးပွဲစားများ လာရောက်ဝယ်ယူကြကာ ခြောက်ဘီးမော်တော်ယာဉ်ဖြင့် သယ်ယူကြကြောင်း ပြောင်းဖူး တစ်ခါဝယ်ယူလျှင် ပြောင်းဖူး နှစ်သောင်းမှ သုံးသောင်းထိ ဝယ်ယူကြကြောင်း သိရသည်။ ပြောင်းဖူးဆယ်ဖူးဈေး နှစ်ထောင်ငါးရာကျပ်မှ သုံးထောင်ကျပ်ထိ ရောင်းချနေရကာ ပြောင်းဖူးစိုက်ပျိုးသည့်တောင်သူများ ရှုံတာတခါမှ မကြုံဘူးသေးကြောင်း၊ နိုဝင်ဘာ၊ ဒီဇင်ဘာ၊ ဇန်နဝါရီ၊ ဖေဖော်ဝါရီလတွင် ပြောင်းဖူးအရည်အသွေး အကောင်းဆုံးဖြစ်နေကာ ဈေးနှုန်းမှာလည်း အကောင်းဆုံးရောင်းချရသည့် လများပင်ဖြစ် ယခုနှစ် ဩဂုတ်လတွင် ပြောင်းဖူးစိုက်ပျိုးမှု အခြားမြို့နယ်များတွင် စိုက်ပျိုးသူနည်းခြင်းကြောင့် ပြောင်းဖူးဈေး ကောင်းနေကြောင်း ပြောင်းဖူးပွဲစားများက ရှင်းပြသည်။
စိုက်ပျိုးသည့် ပြောင်းဖူးများကတော့ အစီးပြောင်း၊ သကြားပြောင်းနှင့်ကြက်တ မော့ပြောင်းတို့စိုက်ပျိုးကြပြီး မိုးရာသီစိုက်ပျိုးသည့် ပြောင်းသာ သုံးလခန့်မှပေါ်ကြပြီး ၊ဆောင်းရာသီနှင့်နွေရာသီ အချိန်နှစ်လခန့်ဖြင့်ပေါ်ကြောင်း ဦးဝင်းတင့်က ရှင်းပြ၍ သိရကာ ထွက်ရှိလာသည့် ပြောင်းဖူးများအား ပခုက္ကူ၊ ညောင်ဦး၊ မြင်းခြံ၊ တောင်သာ၊ ကျောက်ပန်းတောင်းမြို့များမှ ပြောင်းဖူးပွဲစားများ လာရောက်ဝယ်ယူခြင်း၊ မန္တလေး၊ ရန်ကုန်တို့မှ ပြောင်းဖူးပွဲစားများ လာရောက်ဝယ်ယူကြကြောင်း သိရသည်။
ဒီပါလင်း