မဟာအောင်မြေမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ဝိုင်း ကျင်းပ

မဟာအောင်မြေ ဩဂုတ် ၈

မဟာအောင်မြေမြို့နယ်၊ လူထုအခြေပြုဗဟိုဌာနတွင် စာရေးဆရာ ဦးမောင်မောင်(မင်းဏီလူ)နှင့် စာပေချစ်မြတ်နိုးသူ(Book Club)အဖွဲ့ဝင်များစုပေါင်း၍  ဗဟုသုတတိုးတက်မြင့်မာရေး၊ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာပေရင်းနှီးထိတွေ့မှု ပိုမိုတိုးတက်လာစေရေးအတွက် ရည်ရွယ်၍ မဟာအောင်မြေမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယ‌နေ့နံနက်ပိုင်း စာဖတ်ဝိုင်း ကျင်းပဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ စာဖတ်ဝိုင်းတွင် မဟာအောင်မြေမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဘိုဘိုဟန်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်နှင့် ပတ်သက်၍ စာပေရဲ့အကျိုးကျေးဇူးများ၊ မိမိတို့၏ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်းတို့ကို ပြောကြားခဲ့ပြီး စာရေးဆရာ ဦးမောင်မောင် (မင်းဏီလူ)ရေးသားထားသော “မန္တလေးပုံရိပ်စာပေ၊ဆောင်းပါးစာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပဆောင်ရွက်ခဲ့သည်။

အဆိုပါစာအုပ်မှ စာပေလောကကြီး တိုးတက်အောင် စာပေမြင့်မှ လူမျိုးတင့်မည်၊ တစ်ပိုင်တစ်နိုင် နိုင်တဲ့ဝန်နဲ့ စာပေလောကကို ရှင်သန်နေအောင် ဖက်တွယ်ရက်တည်ရန် အစဉ်ကြိုးစားနေပါမည် စသည်ဖြင့် ဗဟုသုတရရှိစေရန် မြို့နယ်ဦးစီးမှူးနှင့် စာပေချစ်မြတ်နိုးသူ၊ စာဖတ်ဝါသနာရှင်များက ဖတ်ကြားဆွေးနွေးခဲ့ကြပြီး စာဖတ်ဝိုင်းသို့ တက်ရောက် ဆွေးနွေးကြသူများမှ “မန္တလေးပုံရိပ်စာပေ၊ဆောင်းပါး စာအုပ်ပါအချက်အလက်များအား တစ်ဦးချင်းစီ၏ ထင်မြင်ယူဆချက်၊ သုံးသပ်ချက်တို့ကို  အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ရွှေတိုး