နမ္မတူမြို့နယ်တွင် မေတ္တာ‌ရောင်ပြန် ကျောင်းသား/ကျောင်းသူဟောင်းများအဖွဲ့မှ အငြိမ်းစား ဆရာကြီး ဆရာမကြီးများအား ပထမအကြိမ် ဂါဝရပြုပူဇော်ကန်တော့ပွဲ ကျင်းပ

နမ္မတူ ဩဂုတ် ၉

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် မေတ္တာ‌ရောင်ပြန် ကျောင်းသား/ကျောင်းသူဟောင်းများအဖွဲ့မှ နမ္မတူမြို့နယ်အတွင်း နေထိုင်လျက်ရှိသော ပညာရေးဌာနမှ အငြိမ်းစားဆရာကြီးဆရာမကြီးများအား တစ်လလျှင် တစ်ကြိမ် (အလှည့်ကျ) ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် ပထမအကြိမ် ဂါဝရပြုပူဇော်ကန်တော့ပွဲ အခမ်းအနားကို ဩဂုတ်လ (၆) ရက်နေ့ နံနက် (၉)နာရီအချိန်က နမ္မတူမြို့နယ် သန္တိသစ္စာတရားရိပ်သာ၌ ကျင်းပသည်။

အခမ်းအနားတွင် ‌ရှေ့ဦးစွာ တက်ရောက်လာကြသည့် ကျောင်းသား/ကျောင်းသူဟောင်းများက မြတ်ဆရာသီချင်းအား သီဆို၍ အခမ်းအနားအား ဖွင့်လှစ်ခဲ့ပြီး အငြိမ်းစားဆရာမကြီး ဒေါ်နန်းကြာအုံက အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် မေတ္တာ‌ရောင်ပြန် ကျောင်းသားကျောင်းသူဟောင်းများအဖွဲ့ဥက္ကဋ္ဌ ဒေါ်နန်းကြည်လေးက အငြိမ်းစားဆရာကြီး/ဆရာမကြီးများအား တစ်လလျှင်တစ်ကြိမ် (အလှည့်ကျ) ကျန်းမာရေး စောင့်ရှောက်မှုအနေဖြင့် ပထမအကြိမ် ဂါဝရပြုပူဇော်ကန်တော့ပွဲ ကျင်းပပြုလုပ်သည့် ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ တက်‌ရောက်လာကြသော ကျောင်းသားကျောင်းသူများက အငြိမ်းစား ဆရာကြီး/ဆရာမကြီးများအား ဩကာသကန်တော့ချိုးဖြင့် ပူဇော်ကန်တော့ကာ အလှည့်ကျ ဆရာကြီး ဆရာမကြီး (၇)ဦးအား တစ်ဦးလျှင် ငွေကျပ် ၁၅၀၀၀၀ ကျပ်နှုန်းဖြင့် လည်းကောင်း၊ ဆရာကြီးဆရာမကြီး စုစုပေါင်း ၄၂ဦးအတွက် သီးသန့်အလှူရှင်တစ်ဦးမှ တစ်ဦးလျှင် ငွေကျပ် ၅၀၀၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း ဂါဝရပြု ပူဇော်ကန်တော့ခဲ့ကြောင်း မေတ္တာ‌ရောင်ပြန် ကျောင်းသားကျောင်းသူဟောင်းများအဖွဲ့ဥက္ကဌ ဒေါ်နန်းကြည်လေးထံက သိရသည်။

လူမော် (ပြန်/ဆက်)