ခိုလမ် ဩဂုတ် ၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ၀န်ထမ်းများသည် ယမန်နေ့နံနက် (၁၁:၃၀)နာရီအချိန် အခြေခံပညာအလယ်တန်း(ခွဲ) ဟိုင်းလိုက်ကျောင်းသို့ သွားရောက်၍ Mobile Library စနစ်ဖြင့် စာအုပ်ငှားရမ်းခြင်းနှင့် နံရံကပ် စာစောင်ပြသခြင်းများ သွားရောက်ဆောင်ရွက်ခဲ့သည်။
ထိုသို့ သွားရောက်ဆောင်ရွက်ရာတွင် ကျောင်းသား/ကျောင်းသူများ အလွယ်တကူ စာပေဖတ်ရှုလေ့လာနိုင်ရေး၊ စာဖတ်ရှိန် တိုးတက်မြင့်မားရေး၊ ပြင်ပဗဟုသုတများနှင့် ကျန်းမာရေး၊ ပညာရေး၊ အားကစားရေးရာ ကဏ္ဍများကို အဆင်ပြေပြေ လေ့လာဖတ်ရှုနိုင်ရေးနှင့် အဖက်ဖက်မှ ဖွံဖြိုးတိုးတက်သည့် နိုင်ငံသားကောင်းလူငယ်များ ဖြစ်လာစေရန်၊ မိမိတို့နှစ်သက်သည့် စာပေများကို ဖတ်ရှုနိုင်စေရန် ရည်ရွယ်၍ စီစဉ် ဆောင်ရွက်ပေးခြင်းဖြစ်ပြီး "အရွယ်မရောက်သေးသော ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်ထိန်းသိမ်းခြင်း" နံရံကပ်စာစောင်များကို ပြသခဲ့ကြောင်း သိရသည်။
နေလင်းထွန်း(ပြန်/ဆက်)