ကျောက်ဖြူခရိုင်ရုံး Community Centre ခန်းမ၌ Youth Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းပြုလုပ်

ကျောက်ဖြူ      ဩဂုတ်   ၈

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် ဒို့ကျေးရွာဂျာနယ် အတွဲ(၂၀)၊ အမှတ် (၁၄) တွင် ပါရှိသော “ ပြန်ကြော်ဆီများစားသုံးခြင်းနှင့် ကျန်းမာရေး” ခေါင်းစဉ်ပါအကြောင်းအရာများဖြင့် ယနေ့နံနက် ၁၁ နာရီက Youth Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်သည်။

အဆိုပါ စာဖတ်ဝိုင်းတွင် ကျောက်ဖြူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ခင်ယုယုနွယ်က ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက် နေ့ထုတ် ဒို့ကျေးရွာဂျာနယ် အတွဲ(၂၀)၊ အမှတ် (၁၄) တွင်ပါရှိသော စာရေးဆရာမ အိအိငြိမ်း(ခရမ်း) ရေးသားသည့် “ ပြန်ကြော်ဆီများစားသုံးခြင်းနှင့် ကျန်းမာရေး” ဆောင်းပါးပါ အကြောင်းအရာများကို ဦးဆောင်နွေးရာ၌ ယခုအခါ စားသောက်ဆိုင်များနှင့် လ္ဘက်ရည်ဆိုင်များတွင် ပထမနေ့အသုံးပြုထားသော ဆီလက်ကျန်များကို ဒုတိယနေ့တွင် နောက်ထပ်ဆီအနည်းငယ်ရော၍ နေ့စဉ်ရက်ဆက် ထပ်တလဲလဲအသုံး ပြုနေကြသည့်အတွက် ထိုအစားအစာများကို စားသုံးမိပါက ကျန်းမာရေးထိခိုက်နိုင်ကြောင်း၊ ပဲဆီ၊ နှမ်းဆီ၊ နေကြာဆီနှင့် ဟင်းသီးဟင်းရွက်အဆီများသည် အပင်များမှရရှိပြီး အပြည့်ဝသော ဖက်တီးအက်ဆစ်များစွာ ပါဝင်သောကြောင့် ၎င်းအဆီများသည် သွေးအတွင်း ကိုလက်စထရော ပမာဏကို မမြင့်တက်စေပဲ ကျန်းမာရေးကို ညီညွတ်စေကြောင်း  စသည့်အကြောင်းအရာများကို ဆွေးနွေးသည်။

ထို့နောက် Youth Club အဖွဲ့ဝင်များဖြစ်ကြသည့် မစုလတ်ရွှေရည်မှ မိမိတို့ပတ်ဝန်းကျင်တွင် တွေ့ရှိရသည့် ပြန်ကြော်ဆီများနှင့် ပတ်သက်၍ လည်းကောင်း၊ မသက်ထားစံမှ ဆီကို လွန်ကဲစွာစားသုံးခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် ကျန်းမာရေးဆိုးကျိုးများနှင့်ပတ်သက်၍ လည်းကောင်း၊ မခင်အေးဖြိုးမှ ကျန်းမာရေးနှင့် ညီညွတ်သော ဆီများကို စာသုံးခြင်းနှင့်  မညီညွတ်သော ဆီများကိုစားသုံးခြင်းကြောင့် ရရှိလာမည့် ကောင်းကျိုး/ဆိုးကျိုးများကို နိုင်းယှဉ်ပြော ဆွေးနွေးပြောရာ တက်ရောက်လာကြသော  Youth Club အဖွဲ့ဝင်များမှ သိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြောင်းသိရသည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း