အိမ်မဲ သြဂုတ် ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၃-၂၀၂၄ ခုနှစ် ပညာသင်နှစ် ကျောင်းကျန်းမာရေး ရက်သတ္တပတ်လှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနားကို ဩဂုတ်လ ၈ ရက်နေ့ နံနက်(၁၀)နာရီ အချိန်တွင် အ.ထ.က-၁ ရွေညီလာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှူး ဦးသက်ကိုကိုဦးက အဖွင့်အမှာစကားပြောကြားခြင်း၊ မြို့နယ်ဒုတိယပညာရေးမှူးဦးအောင်မင်းက အမှာစကားပြောကြားခြင်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ မျိုးကျော်အောင်က ကျောင်းကျန်းမာရေးလုပ်ငန်းစဥ်အကြောင်း ရှင်းလင်းပြီး ဆေးလိပ်နှင့် ဆေးရွက်ကြီးအန္တရာယ်အကြောင်း အသိပညာပေးခြင်း၊ မြို့နယ်သွားဆရာဝန် ဒေါက်တာဆုသက်ဝေက သွားနှင့်ခံတွင်း ကျန်းမာရေးအကြောင်း အသိပညာပေးခြင်း၊ မိခင်ကျောင်ကျန်းမာအာဟာရဌာနမှ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်မြသက်ဖြူက အာဟာရပြည့်ဝစွာ စားသုံးခြင်းအကြောင်း ပညာပေးခြင်းနှင့် ကျောင်းကျန်းမာရေး ရက်သတ္တပတ် ဉာဏ်စမ်းပဟေဋိပြိုင်ပွဲတွင် ဆုရရှိသော အ.ထ.က-၁ ကျောင်းမှ ထက်၊ လယ်၊ မူ ကျောင်းသား/သူများအား တာဝန်ရှိသူများက ဆုချီးမြှင့်ခြင်းတို့ကို ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် တက်ရောက်လာသော ဧည့်သည်တော်များမှ မူလတန်းကလေးများ အာဟာရကျွေးမွေးမှုနှင့် အာဟာရပြည့်ဝသော အစားအစာများ သရုပ်ပြခြင်းအား ကြည့်ရှုအားပေးခဲ့သည်။ ၎င်းနောက် မူလတန်းကျောင်းသား/သူများအား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ဆေးကုသပေးခြင်း၊ သွားနှင့်ခံတွင်းရောဂါများ စစ်ဆေးပေးခြင်၊ ကျန်းမာရေးပညာပေးခြင်း၊ သန်ချဆေးနှင့် သံဓါတ်ဆေးဝါးများတိုက်ကျွေးခြင်းတို့အား ဆောင်ရွက်ခဲ့ပြီး အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကြက်ခြေနီ၊ အမျိုးသမီးရေးရာ၊ မိခင်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ကျောင်းအကျိုးတော်ဆောင်များ ပညာရေးဝန်ထမ်းများ၊ ကျောင်းသား/သူများ၊ ကျောင်းသားမိဘများ တက်ရောက်ခဲ့သည်။
ချစ်သက်လယ်(အိမ်မဲ၊ ပြန်/ဆက်)