စလင်းမြို့နယ်တွင် ကျောင်းသား၊ကျောင်းသူကလေးငယ်များအား သန်ချဆေးတိုက်ကျွေးခြင်း လုပ်ငန်းဆောင်ရွက်

စလင်း  သြဂုတ်  ၁၀

မကွေးတိုင်းဒေသကြီး၊  မင်းဘူးခရိုင်၊  စလင်းမြို့၌  ကျောင်းကျန်းမာရေးသီတင်းပတ်အဖြစ်  ကျောင်းအခြေပြု သန်ချဆေး တိုက်ကျွေးခြင်း  အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က မြေမိရပ်ကွက်အတွင်းရှိ အခြေခံပညာ မူလတန်းကျောင်းတွင်  ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားတွင်  စလင်းမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဆရာမများနှင့်မိခင်နှင့်ကလေး  စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်နန္ဒာဝင်းတို့ တက်ရောက်ခဲ့ပြီး  ကျောင်းသား၊ ကျောင်းသူကလေးငယ်များအား  သန်ချဆေး တိုက်ကျွေးရခြင်းနှင့်  ပတ်သက်၍  ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ သန်ချဆေးများ တိုက်ကျွေးရာသို့  မြို့နယ်ကျန်းမာရေးဆရာမများနှင့်၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်နန္ဒာဝင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ ဆရာ/ဆရာမများက သန်ချဆေးများ  တိုက်ကျွေးခြင်းများကို  ဆောင်ရွက်ကြကြောင်း  သိရှိရသည်။

(မောင်လွင်)စလင်း