သတင်းများ

မြစ်သား(အ.ထ.က)ကျောင်း၌ ဝါတွင်းကာလ အခြေခံဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်းဖွင့်လှစ်
Aug 09,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၌ အပတ်စဥ် အဝေးဖိတ်နေ့တိုင်းဖွင့်လှစ် သင်ကြားပေးလျက်ရှိသော အခြေခံဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်းကို ယမန်‌နေ့မွန်းလွှဲ (၂)နာရီအချိန်က မြစ်သား (အ.ထ.က)ကျောင်း ကျန်စစ်သားအစည်းအဝေးခန်းမတွင် ဖွင့်လှစ်သင်ကြားကြောင်း သိရသည်။
တမူးမြို့နယ်တွင် ရာသီဥတုဒဏ်ခံနိုင်သည့် မျိုးသန့်မျိုးစေ့ထုတ် (ဧရာမင်း) မျိုးစပါး စိုက်ပျိုးနည်းစနစ် ကွင်းသရုပ်​ပြ စိုက်ပျိုး
Aug 09,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်တွင် ရာသီဥတု ဒဏ်ခံနိုင်သည့် မျိုးသန့် မျိုးစေ့ထုတ် ( ဧရာမင်း) မျိုးစပါး စိုက်ပျိုးနည်းစနစ် ကွင်းသရုပ်​ပြ စိုက်ပျိုးခြင်းကို သြဂုတ်လ (၇) ရက်နေ့ နံနက်(၈) နာရီအချိန်က တမူးမြို့နယ်၊ ဟဲဇင်းကျေးရွာအုပ်စု၊ တောင်သူ ဦးစိုးလွင်၏ ကွင်းအမှတ် ၂၅၃ ၊ဦးပိုင်အမှတ် (၃၀၃)ရှိ (ဧရာမင်း) စပါးမျိုးစေ့ထုတ် စိုက်ကွက်(၂) ဧကတွင်   စိုက်ပျိုးရေးဦးစီးဌာန၏ နည်းပညာပံ့ပိုးမှု အကူအညီဖြင့် စိုက်ပျိုးခဲ့ကြောင်း သိရသည်။
နတ်တလင်းမြို့နယ်၌ ကောက်စိုက်စက်(လက်ဆွဲ)ဖြင့် မိုးစပါးစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲ ကျင်းပ
Aug 09,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၌ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့အစီအစဥ်ဖြင့် မှာယူထားသည့် ဗီယက်နမ်နိုင်ငံထုတ် တန်ဖိုးနည်း ကောက်စိုက်စက် (လက်ဆွဲ)ဖြင့် ရက်(၉၀) စပါးမျိုး မိုးစပါးစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို သြဂုတ် ၇ ရက်နေ့လယ် ၂နာရီ အချိန်က ကျခတ်ဝါးရုံကျေးရွာအုပ်စု ကွင်းအမှတ်(၂၅၉) တောင်သူ ဦးမြင့်ကြိုင်၏ လယ်မြေ (၅)ဧကတွင် ကျင်းပပြုလုပ်ခဲ့သည်။
မိုင်းခုတ်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ရှိန် မြှင့်တင်ရေး စာအုပ်ပြပွဲနှင့် အသိပညာပေး နံရံကပ်စာစောင်ပြပွဲ ကျင်းပ
Aug 09,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် အများပြည်သူများ အသိဉာဏ်ပညာ တိုးပွားရရှိစေရန်  အသိပညာ ပြန့်ပွားရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက် ၁၀ နာရီက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာဖတ်ရှိန် မြှင့်တင်ရေး စာအုပ်ပြပွဲနှင့် အသိပညာပေး နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
နမ့်စန်တွင် ကမ္ဘာသစ်ရောင်းဝယ်ရေးသမဝါယမအသင်း နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ၍ ပညာရည်ချွန်ဆုများချီးမြှင့်
Aug 09,2023
ရှမ်းပြည်နယ်တောင်ပိုင်း ၊ နမ့်စန်ခရိုင် ၊ နမ့်စန်မြို့နယ်တွင် ကမ္ဘာသစ်ရောင်းဝယ်ရေး သမဝါယမ အသင်း လီမိတက်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွက် ကျင်းပပြုလုပ်သော နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယမန်နေ့နံနက် ၉နာရီခွဲ က မြို့နယ်သမဝါယမဦးစီးဌာန အစည်းအဝေး ခန်းမတွင်ကျင်းပခဲ့ကြောင်းသိရသည်။
လက်ပံတန်းမြို့နယ်တွင် မိုးသည်းထန်၍ လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်များပျက်စီး
Aug 09,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ယမန်နေ့ည ၁၁ နာရီက မိုးသည်းထန်စွာရွာပြီး လေပြင်းများတိုက်ခတ်မှုကြောင့် ဂွေးတောက်ကွင်းအုပ်စုနှင် နဘဲကွင်းအုပ်စုရှိ ကျေးရွာများတွင် လူနေအိမ်များ ပြိုလဲပျက်စီးခြင်းများ ဖြစ်ပွားခဲ့သည်။
ကာလိမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲ ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်၊ စာစောင်ပြပွဲ ကျင်းပ
Aug 09,2023
ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ ကာလိမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲ ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက်(၉)နာရီအချိန်က အခြေခံပညာအလယ် တန်း(ခွဲ) လွိုင်ဖာကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောင်းသား၊ကျောင်းသူများအား သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးဟောပြော
Aug 09,2023
ကျောင်းသား၊ကျောင်းသူများအား သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးဟောပြောခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက တောင်တွင်းကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၌ ကျင်းပသည်။