တောင်တွင်းကြီးမြို့နယ် မြို့မစျေးအတွင်း ဆိုင်ခန်းများအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လိုက်လံစစ်ဆေး
Jul 22,2025
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် စည်ပင်သာယာရေးအဖွဲ့သည် မြို့မစျေးအတွင်းရှိ ဖွစ်လှစ်ထားရှိသော စျေးဆိုင်ခန်းများအတွင်း မီးဘေးအန္တရာယ် အလွယ်တကူဖြစ်စေနိုင်သည့် ဖယောင်းတိုင်၊ အမွှေးတိုင်၊ လျှပ်စစ်မီး၊ ခြင်ဆေးခွေများ အသုံးပြုခြင်း ရှိ၊ မရှိ စစ်ဆေးခြင်း၊ ဆိုင်ခန်းအတွင်း ဂိုထောင်သဖွယ် သိုလှောင်ထားရှိမှုမရှိစေရေး လိုက်လံစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။