မိုးနဲမြို့နယ်၌  မိုဘိုင်း Library စနစ်ဖြင့် အခြေခံပညာကျောင်းများသို့ စာအုပ်စာစောင်များ အခမဲ့ကွင်းဆင်းငှားရမ်း

မိုးနဲ ဇူလိုင် ၂၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်  နမ့်စလိုင် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ ယနေ့နံနက် ၉ နာရီအချိန်က မိုဘိုင်း Library စနစ်ဖြင့် စာအုပ်စာစောင်များကို အခမဲ့ကွင်းဆင်း ငှားရမ်းဖတ်ရှုစေခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ခြင်းကြောင့်  ကျောင်းသား/ သူများအနေဖြင့် ကျောင်းစာအပြင် ပြင်ပစာအုပ်စာစောင်များကို လွယ်လင့်တကူဖတ်ရှုနိုင်ခြင်း၊ ကာယ၊ ဉာဏ၊ စာရိတ္တနှင့် ပြည့်စုံစေခြင်း၊ စာဖတ်သည့်အလေ့အကျင့်ကောင်းရရှိခြင်း၊ ဗလငါးတန်နှင့်ပြည့်စုံစေခြင်း အသိပညာဗဟုသုတများတိုးပွားလာခြင်း၊ စသည့် အကျိုးကျေးဇူးများရရှိမည်ဖြစ်ပြီး ပြည်သူ့စာကြည့်တိုက်အ‌နေဖြင့်လည်း စာကြည့်တိုက်လုပ်ငန်း ပိုမိုတွင်ကျယ်လာခြင်း၊ စာဖတ်ရှိန်ပိုမိုမြှင့်တင်နိုင်ခြင်း၊ စာငှား၊ စာဖတ်သူတိုးတက်လာခြင်းစသည့်ရည်ရွယ်ချက်များဖြင့် ကွင်းဆင်းငှားရမ်းပေးခဲ့ကြောင်း သိရသည်။

မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာဖတ်ရှိန်မြှင့်တင်ရေး ကွင်းဆင်းဆောင်ရွက်လျက်ရှိသည့်အပြင် အွန်လိုင်းအသိပညာပေးလုပ်ငန်းများ၊ ဟောပြောပွဲများ၊ နံရံကပ်စာစောင်ပြသခြင်းများအား အခြေခံပညာကျောင်းများ၌  ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇင်ကိုကို