တမူး ဇူလိုင် ၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် ပုံစံ(၈)ဝင် ကျွန်း၊ အင်၊ကညင်(ခွဲသား)များအား လေလံတင်ရောင်းချခြင်း အခမ်းအနားကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ခရိုင်သစ်တောဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်သစ်တောဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမိုးကျော်သူက လေလံစည်းကမ်းချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး လေလံရောင်းချခြင်းကို ဆက်လက်ပြုလုပ်ခဲ့ရာ လေလံဆွဲယူသူများမှ ကျွန်း၊ အင်၊ကညင်(ခွဲသား) ၁၁.၃၄၈၆ တန်အား လေလံဆွဲဝယ်ယူခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းကိုကို၊ ခရိုင်သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းကျော်စိုးနှင့် လေလံကော်မတီဝင်များ၊ ခရိုင်နှင့်မြို့နယ်သစ်တောဦးစီးဌာနဝန်ထမ်းများ၊ လေလံဆွဲဝယ်ယူသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ရတနာ