သာစည် ဩဂုတ် ၁၆
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက စာရေးဆရာများနှင့် စာပေဝါသနာရှင်များ စာဖတ်ဝိုင်းပြုလုပ်ပြီး ရသစာပေများ ဆွေးနွေးခဲ့ကြောင်းသိရသည်။
ရသလမ်းဆုံစာဖတ်ဝိုင်းတွင် မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ စာရေးဆရာအောင်ပိုင်နှင့် မြို့နယ်မှစာရေး ဆရာများက မိမိတို့ရေးသားထားသောကဗျာများနှင့်ဝတ္ထုတိုများကို ဖတ်ကြားပြီး အဆိုပါစာပေများအပေါ် တစ်ဦးနှင့်တစ်ဦး အတွေးအမြင်များ ဆွေးနွေးဖလှယ်ကြသည်။ ထို့နောက် စာရေးဆရာများနှင့်စာပေဝါသနာရှင်များက ကဗျာနှင့်ပတ်သက်၍ မိမိတို့ခံစားမှုအတွေးအမြင်များကို ဆက်လက်ဆွေးနွေးခဲ့ကြောင်း သိရသည်။ ရသလမ်းဆုံ စာဖတ်ဝိုင်းကို လစဉ်ပြုလုပ်ပြီး စာရေးဆရာများက စာပေဝါသနာရှင်များကို စာပေအသိပညာဗဟုသုတများ ကဗျာနှင့်စာပေ ရေးသားနည်းများကို မျှဝေပေးလျက်ရှိကြောင်းသိရသည်။
အဆိုပါစာဖတ်ဝိုင်းသို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်သင်းသင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်မှစာရေးဆရာများနှင့် စာပေဝါသနာရှင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်