သာစည် ဩဂုတ် ၁၆
မန္တလေးတိုင်းဒေသကြီး သာစည်မြို့အမှတ်(၆)ရပ်ကွက် သာယာကုန်းကျောင်းတိုက်၌ မြို့နယ်ဌာနဆိုင်ရာများ စုပေါင်း၍ ယနေ့နံနက် ၈ နာရီက ဝါဆိုသင်္ကန်း ဆပ်ကပ်လှူဒါန်းခဲ့ကြကြောင်းသိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းဝင်များနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များက သာယာကုန်းကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တပုညဓဇထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။ ထို့နောက် ဆရာတော်က ဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းခြင်းအကြောင်းတရာကို ဟောကြားချီးမြှင့်တော်မူပြီး တက်ရောက်လာသူများက ဝါဆိုသင်္ကန်းနှင့်လှူဘွယ်များ ဆပ်ကပ်လှူဒါန်ခဲ့ကြကာ ရေစက်ချတရားနာယူခဲ့ကြကြောင်းသိရသည်။
မြို့နယ်ပြန်/ဆက်