သာစည် ဩဂုတ် ၁၆
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ဘော်လီဘောအားကစားဖွံ့ဖြိုးတိုးတက်ပြီး မျိုးဆက်သစ် ကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ အဆင့်မြင့်ဘော်လီဘောအားကစားသင်တန်းကို မြို့နယ်ပြည့်သူ့ကစားကွင်း မိုးလုံလေလုံ အားကစားခန်းမ၌ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း မြို့နယ်အားကစားနှင့်ကာယပညာ ဦးစီးဌာနဦးစီးအရာရှိ ဦးဝင်းထွန်းဦးထံကသိရသည်။
“ကျွန်တော်တို့ အခြေခံဘော်လီဘောသင်တန်းကို ဇူလိုင်လထဲမှာ နေရာသုံးနေရာခွဲပြီး ၈ ရက်ကြာ ဖွင့်လှစ်သင် ကြားပေးခဲ့ပါတယ်။ အခြေခံသင်တန်းသားတွေထဲကမှ အဆင့်မြင့်သင်တန်းဆက်တက်ချင်တဲ့သူတွေနဲ့ အခြေခံရှိပြီးသား အဆင့်မြင့်တက်ချင်တဲ့သူတွေကို သင်ပေးနေတာပါ။ သင်တန်းဖွင့်လှစ်ရတဲ့ရည်ရွယ်ချက်ကတော့ ဒီသင်တန်းတွေကနေ ဘော်လီဘောအားကစားနည်းကို အခြေခံကနေစနစ်တကျ တတ်မြောက်လာပြီး မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာဖို့နဲ့ နိုင်ငံ့ဂုဏ်ဆောင်နိုင်တဲ့ ကစားသမားတွေ ဖြစ်လာဖို့အတွက်ပါ မြို့နယ်ပေါင်းစုံပြိုင်ပွဲတွေမှာလည်း သာစည်မြို့နယ်ကိုယ်စားပြုအသင်းအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်နိုင်အောင် ဒီသင်တန်းကသင်တန်းသားတွေကို မနက်တစ်ကြိမ် ညနေတစ်ကြိမ် လေ့ကျင့်သင်ကြားပေးနေပါတယ်။ ဟု ၎င်းကပြောသည်။
အဆိုပါသင်တန်းတွင် သင်တန်းသား ၃၀ ဦးခန့် တက်ရောက်လေ့ကျင့်လျက်ရှိကြောင်းသိရသည်။
မြို့နယ်ပြန်/ဆက်