ကျောက်တော်မြို့ လုထုအခြေပြုဗဟိုဌာန၌ လူငယ်အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ ဓာတ်ပုံပြပွဲများပြုလုပ်

ကျောက်တော်  ဩဂုတ် ၂၁

လူငယ်များ စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများ လေ့လာဖတ်ရှုတတ်စေရန်၊ အနာဂတ်တွင်အားကိုး အားထားရသော လူတော်၊ လူကောင်း၊ လူရည်မွန်များ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ကျောက်တော်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးသည့် လူငယ်ပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ ဓာတ်ပုံပြပွဲကို ယနေ့မွန်းလွဲပိုင်းက အဆိုပါရုံး လူထုအခြေပြုဗဟိုဌာန၌ ပြုလုပ်သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဖြူဖြူဝင်းက  အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြသပွဲနှင့် ဓာတ်ပုံပြပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ပြောကြားပြီး လူငယ်အသိပညာပေး ဟောပြောကာ နိုင်ငံတော်အစိုးရ၏ နိုင်ငံ့အကျိုးပြုလှုပ်ရှား ဆောင်ရွက်မှုများကို ရှင်းလင်းပြသရာ တက်ရောက်လာသည့် ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြသည်။

ကျောက်တော်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာ ဗဟုသုတများ တိုးပွားလာစေရန်၊ ကျောင်းသား/သူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတများ ရရှိလာစေရန် ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲများ၊ ပြပွဲ၊ ပြိုင်ပွဲများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခင်မောင်ထွန်း