တနင်္သာရီမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများအား(၈/၂၀၂၃)လ အတွက် ပင်စင်လစာငွေများ ထုတ်ပေး

တနင်္သာရီ  ဩဂုတ် ၂၁

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများအား ၂၀၂၃ ခုနှစ်၊ ဩဂုတ်အတွက် ပင်စင်လစာငွေများကို လစဉ် ၂၁ ရက်နေ့ နံနက် ၈ နာရီခွဲမှ နေ့လယ် ၂ နာရီအချိန်အထိ ပုံမှန်ထုတ်ပေးလျက်ရှိရာ ယနေ့တွင် ပင်စင်စား(၉၂)ဦးအား လာရောက်ထုတ်ယူခဲ့ကြောင်း သိရသည်။

အငြိမ်းစားဝန်ထမ်းများ၏ပင်စင်လစာ ငွေများကို လစဉ်ဘဏ်ဖွင့်ရက်(၂၁)ရက်နေ့မှစ၍ လကုန်ရက်အထိ ဦးစားပေးထုတ်ပေးလျက်ရှိပြီး ကိုယ်တိုင်သော်လည်းကောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ကိုယ်တိုင် လာရောက်၍ မထုတ်ယူနိုင်ပါက မိသားစုဝင်တစ်ဦးဦးက ကိုယ်စားလှယ်လွှဲစာဖြင့်လည်းကောင်း ကိုယ်စားလာရောက် ထုတ်ယူနိုင်ကြောင်း၊ တနင်္သာရီမြို့နယ်တွင် ပင်စင်ထုတ်ယူခွင့်ရှိသူ အငြိမ်းစား ဝန်ထမ်းဦးရေမှာ(၄၅၄)ဦးရှိကြောင်း မြန်မာ့စီးပွားရေးဘဏ်မှ သိရှိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)