တိုက်ကြီး မတ် ၂၀
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် အတွင်းရှိ ကျောင်းသားကျောင်းသူများ နွေရာသီ ကျောင်းပိတ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ အင်္ဂလိပ်စာ စကားပြောနှင့် သဒ္ဒါအသုံးအနှုန်းများ ကျွမ်းကျင်စွာတတ်မြောက်စေရန်ရည်ရွယ်၍ အင်္ဂလိပ်စာ သင်တန်းဖွင့်လှစ်ခြင်းကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပသည်။
ဦးစွာ သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂) ဦးစိုးဝင်းမောင်က အဖွင့်အမှာစကားပြောကြားသည်။
ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စန်းကလျာခိုင်က သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။ ထို့နောက် ကျောင်းသားကျောင်းသူများအား အခြေခံအင်္ဂလိပ်စကားပြောနှင့် သဒ္ဒါအသုံးအနှုန်းများ ကျွမ်းကျင်တတ်မြောက်စေရန်အတွက် ဆရာဉီးတင့်နိုင်ကျော်က ပို့ချဆွေးနွေးသည်။
အဆိုပါ အင်္ဂလိပ်စာသင်တန်းကို အခြေခံပညာအထက်တန်းကျောင်း (မြို့မ) မှ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသားကျောင်းသူ (၅၀) ဦးတို့အား မတ်လ ၁၉ ရက်နေ့မှ ၂၄ ရက်နေ့အထိ (၅) ရက်ကြာ သင်ကြားပို့ချမည်ဖြစ်ကြောင်း သိရသည်။
စန်းကလျာခိုင် (ပြန်/ဆက်)