ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့အတွင်း ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲ (တတိယ) နေ့ စာမေးပွဲဖြေဆိုနေမှုအား သွားရောက်ကြည့်ရှုအားပေး

ပဲခူး မတ် ၂၀

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယမန်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့အတွင်း ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ (တတိယ) နေ့ စာမေးပွဲဖြေဆိုနေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အမှတ် () အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာန၌ ကျောင်းသား/ကျောင်းသူ (၇၈၃) ဦး တက္ကသိုလ်ဝင်တန်း စာမေးပွဲ (တတိယ) နေ့ စာမေးပွဲဖြေဆိုနေမှုအား လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကာ ကြီးကြပ်ရေးမှူး ဆရာ/ဆရာမများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် အမှတ် () အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာန၌ ကျောင်းသား/သူ (၅၁၃) ဦး တက္ကသိုလ်ဝင်တန်း စာမေးပွဲ (တတိယ) နေ့ စာမေးပွဲဖြေဆိုနေမှုအား လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး နေ့စဉ်စာမေးပွဲဖြေဆိုပြီးချိန်တိုင်း အချိုရည်နှင့် မုန့်များ ဖြန့်ဝေပေးရန်၊ စာဖြေချိန်မီရောက်ရှိစေရေး လိုအပ်သည်များ ကူညီဆောင်ရွက်ပေးရန်နှင့် စာမေးပွဲဆိုင်ရာ သတ်မှတ်စည်းကမ်းချက်၊ ညွှန်ကြားချက်များနှင့်အညီ ဖြေဆိုနိုင်ရေးတာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပြီး ကြီးကြပ်ရေးမှူး ဆရာ/ဆရာမများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင် (ပြန်/ဆက်)