ကျောက်တံခါး မတ် ၂၀
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ်ကို မတ်လ ၁၈ ရက်နေ့ နံနက် (၉) နာရီက အ.ထ.က (ကျောက်တံခါး) စာစစ်ဌာန၊ အ.ထ.က (ပဲနွယ်ကုန်း) စာစစ်ဌာနနှင့် အ.ထ.က (ဖဒို) စာစစ်ဌာနတို့တွင် ကျောင်းသား/ ကျောင်းသူများ ပျက်ကွက်မရှိဘဲ အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။
စာမေးပွဲဖြေဆိုမည့် ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြေဆိုနိုင်ရေးအတွက် ကျောင်းဝင်းအတွင်းနှင့်အပြင်များတွင် ဌာနဆိုင်ရာများ၊ သက်ဆိုင်ရာဆရာ/ဆရာမများ၊ လုံခြုံရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များက စနစ်တကျစောင့်ကြပ်ကြည့်ရှုပေးလျက်ရှိပြီး၊ ၂၀၂၅ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အင်္ဂလိပ်စာဘာသာရပ်အား အ.ထ.က (ကျောက်တံခါး) စာစ်ဌာနတွင် အတွင်းဖြေ (၃၄၁) ဦး၊ အပြင်ဖြေ (၃၈) ဦး ပေါင်း (၃၇၉) ဦး၊ အ.ထ.က(ပဲနွယ်ကုန်း)တွင် အတွင်းဖြေ (၄၁၅) ဦး၊အပြင်ဖြေ(၅၃)ဦး ပေါင်း(၄၆၈)ဦးနှင့်အ-ထ-က (ဖဒို) စာစစ်ဌာနတွင် အတွင်းဖြေ (၂၈၃) ဦး၊ အပြင်ဖြေ (၁၆) ဦး ပေါင်း(၂၉၉)ဦး စုစုပေါင်းဖြေဆိုသူ (၁၁၄၆) ဦး၊ ပျက်ကွက်မှုမရှိ ဖြေဆိုမှု (၉၆.၄၆) ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)