လွိုင်လင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေး

လွိုင်လင် ဇူလိုင် ၄

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့တွင် ကိုဗစ် -၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးကော်မတီနှင့် ကျန်းမာရေးဌာနတို့က ယနေ့နံနက်ပိုင်းမှစတင်၍ ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေး Pfizer JN-1 ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ထိုးနှံပေးလျှက်ရှိသည်။

ထိုသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးရာတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုမရှိစေရေး ထမ်းဆောင်းကာကွယ်ဆေး Pfizer – JN-1 ဆေးကို နိုင်ငံ့ဝန်ထမ်းများ ၊ အသက် ၆၀ နှစ်အထက်ပြည်သူများ ၊ အသက် ၁၈ နှစ်ပြည့်ပြီးသူများ ၊ ယခင်ကာကွယ်ဆေးထိုးပြီး ၆ လ ကျော်သူများ ၊ ကာကွယ်ဆေးတစ်ကြိမ်မျှမထိုးရသေးသူများကို ထိုးနှံပေးခြင်း ဖြစ်ကြောင်းသိရသည်။

အဆိုပါ ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေး Pfizer -JN-1 သည် ယခင်ထိုးနှံပေးခဲ့သည့် ဆေးများထက်ပိုမိုကောင်းမွန်ကြောင်း၊ ဗီဇမျိုးကွဲပေါင်းများစွာကို ကာကွယ်ပေးနိုင်ကြောင်း ကျန်းမာရေးဌာနတာဝန်ရှိသူထံမှ သိရသည်။

ခရိုင်ပြန်/ဆက်