ကျိုက်ထို ဇူလိုင် ၄
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ Gender ၊ Cedaw ၊ Nspaw အသိပညာပေးဆွေးနွေးပွဲကို ဇူလိုင် ၃ ရက်နေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ Community Center ၌ကျင်းပပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် လူမှုဝန်ထမ်းဦးစီးဌာနမှဦးစီးအရာရှိ ဒေါ်သီတာလွင်မှအဖွင့်အမှာစကားပြောကြားပြီး Gender အခြေခံသဘောတရားများနှင့် ပတ်သက်သည့်အကြောင်းကိုလည်းကောင်း၊ အမျိုးသမီးများအားနည်းမျိုးစုံဖြင့်ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ်အကြောင်းကိုလည်းကောင်း၊ အမျိုး သမီးများအားအကြမ်းဖက်မှုမှ ကာကွယ်ခြင်းအကြောင်းကိုလည်းကောင်း ဆွေးနွေးဟောပြောခဲ့သည်။
ထို့နောက် ဒုတိယဦးစီးမှူးဒေါ်ဇင်မာမိုးမှ အမျိုးသားနှင့်အမျိုးသမီးများ သာတူညီမျှဖြစ်မှုနှင့် တန်းတူညီမျှဖြစ်မှုအကြောင်းကိုလည်းကောင်း၊ အမျိုးသမီးများအားနည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ်ဖြစ်ပေါ်လာပုံ နောက်ခံသမိုင်းအကြောင်းကိုလည်းကောင်း အသီးသီးရှင်းလင်းဆွေး နွေးရာ တက်ရောက်လာကြသူများမှ သိလိုသည်များကို မေးမြန်းဆွေးမွေးခဲ့ကြောင်း သိရသည်။
ကျိုက်ထို(ပြန်/ဆက်)